လက်ရှိမှာလည်း ကိုရီးယားမင်းသားလေးနဲ့ရုပ်ရှင်ရိုက်နေတာ တွေ့ရပါတယ်။

နန်းဆုဦး တစ်ယောက် ကိုရီးယားမင်းသားလေး လီမင်ဟိုရဲ့ ပရိသတ်ဖြစ်ကြောင်းဝန်ခံပြောပြလာပါတယ်။ လက်ရှိမှာလည်း ကိုရီးယားနိုင်ငံက သရုပ်ဆောင်တစ်ဦးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာ တွေ့ရပါတယ်။

ရုပ်ဆောင် နန်းဆုဦးကတော့ ကိုရီးယားမင်းသားချောလေး လီမင်ဟိုရဲ့ ပရိသတ်တစ်ယောက်ပါတဲ့။ ဒါပေမယ့် လက်ရှိရိုက်ကူးနေတဲ့ ‘’ ရင်ဝှက်အက္ခရာ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကိုရီးယားမင်းသားတစ်ဦးနဲ့ တွဲသရုပ်ဆောင်ရမှာမို့ ဝမ်းသာနေတယ်လို့ မီဒီယာအင်တာဗျူးတွေကနေ ပြောပြခဲ့ပါတယ်။

‘’မိန်းကလေးတော်တော်များများကတော့ ရိုမန့်တစ် ဆန်တဲ့ကားတွေ ကြိုက်ကြမယ်လို့ထင်တယ်။ နန်းဆုလည်း ကိုရီးယားဇာတ်ကားတွေဆိုရင် သဘောကျတယ်။ နန်းဆုက လီမင်ဟိုကို ကြိုက်တာကိုး။ လီမင်ဟို ဇာတ်ကားတွေဆိုရင် အမြဲတမ်းကြည့်တယ်လေ။ ဒါပေမယ့် ကိုယ်က ကိုရီးယားသရုပ်ဆောင်နဲ့ တွဲပြီးတော့ သရုပ်ဆောင်လာရလိမ့်မယ်လို့လည်း မတွေးခဲ့ဖူးဘူူူး’’ လို့ ဆိုပါတယ်။

ကိုရီးယားမင်းသားလေးနဲ့ရော၊ ထွန်းကိုကိုနဲ့ပါ အချစ်ဇာတ်လမ်း ဆန်းဆန်းလေးမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်တယ်လို့ နန်းဆုဦးက ပြောပါတယ်။

’ဒီလို အရမ်းချစ်ရတဲ့ ပုံစံကို ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ တစ်ခါမှ မရိုက်ဖူးဘူး။ ရိုက်လည်းရိုက်ရရော မင်းသားနှစ်ယောက်နဲ့လည်းဖြစ်တယ်။ ပြီးတော့ တစ်ယောက်က ကိုရီးယားက မင်းသားတစ်ယောက်လည်းဖြစ်နေတယ်ဆိုတော့ ဇာတ်လမ်းလေးကတော့ ဆန်းသွားတာပေါ့နော်’’ လို့ ‘’ရင်ဝှက်အက္ခရာ’’ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nan Su Oo

အဲဒီနောက် သူမ ပါဝင်သရုပ်ဆောင်ရမယ့် ရုပ်ရှင်ဇာတ်ကားကိုလည်း အရမ်းလေးစားခဲ့ရသူ ဒါရိုက်တာ အောင်ကိုလတ်က ရိုက်ကူးမှာဖြစ်တယ်လို့ နန်းဆုဦးက ပြောပါတယ်။

‘’နန်းဆုကလည်း အရင်ကတည်းက ဒါရိုက်တာဦးအောင်ကိုလတ်ကို လေးစားအားကျခဲ့ရတဲ့သူ တစ်ယောက်ပါ။ အခုလို ဆုံဖြစ်မယ်လို့လည်း တစ်ခါမှ ထင်မထားဘူူး။ ဘာကြောင့်လဲဆိုတော့ ဦးအောင်ကိုလတ်က သူတကယ် ဇာတ်ကားရိုက်လို့ရှိရင် သူရိုက်ချင်တဲ့ကားမျိုးမှ ရွေးပြီးတော့ ရိုက်တာဆိုတော့လေ။ အခုလို အလုပ်အတူတူလုပ်ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်’’လို့ သူကဆိုပါတယ်။

Photo: Nan Su Oo, Lee Min Ho

န်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၄ နှစ်ကျော် ၅ နှစ် ရှိပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က