ယခုရာသီမှာ ပရီးမီးယားလိဂ် ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဗစ်တာ လင်ဒီလော့ဖ်ရဲ့ မကြာသေးမီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ မှတ်ချက်ဟာ အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့ဘူးလို့ ပြောကြားခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အတွက် ပွဲ ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ဆွီဒင်ကြယ်ပွင့်နောက်ခံကစားသမားဟာ လီဆန်ဒရို မာတီနက်ဇ် ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့် နေရာမှာ နောက်ရောက်သွားခဲ့တာဖြစ်ပြီး နည်းပြ တန်ဟက်လက်အောက် ယခုရာသီမှာ ပရီးမီးယားလိဂ် ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ နိုင်ငံတကာပွဲစဉ်တွေအတွက် ဆွီဒင်အသင်းနဲ့ ပူးပေါင်းနေတဲ့ လင်ဒီလော့ဖ်က သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိအောင် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

 


“ဟုတ်တာပေါ့။ ကစားသမားတိုင်းလိုပဲ ခင်ဗျား ပွဲတိုင်း ကစားချင်မှာဖြစ်ပြီး ဒီရာသီမှာ ကျွန်တော် အဲဒီလို မလုပ်ခဲ့ရတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပဲ ကျွန်တော် ဒီကို လာတဲ့အချိန်မှာ ဒီမှာ ရှိနေရတာက ဝမ်းသာစရာဖြစ်ပြီး ကျွန်တော့်နိုင်ငံကို ကိုယ်စားပြုခွင့်ရတာ အမြဲတမ်း ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ကစားဖို့ရှိနေတဲ့ ပွဲစဉ်တွေကို တကယ် စောင့်မျှော်နေပြီး ကျွန်တော် ဒီကိုလာပြီး စွမ်းဆောင်ပြဖို့နဲ့ နောက်ထပ်တစ်ကြိမ် ဒီကောင်တွေနဲ့ ကွင်းထဲမှာ အတူတူရှိဖို့ တကယ် စောင့်မျှော်နေခဲ့တယ်လို့ ဂျန်နီ(ဆွီဒင်နည်းပြ)ကို ပြောခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော် ကစားချင်တယ်။ အဲဒါကြောင့်ပဲ ကျွန်တော် ဘောလုံးကစားနေတာပေါ့။ ကျွန်တော် ပွဲတွေ ကစားချင်တယ်။ ဒါပေမယ့် ကျွန်တော်အပြောင်းအရွှေ့လုပ်နိုင်ခြေနဲ့ပတ်သက်ပြီး မတွေးခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်လက်ရွေးစင်အသင်းကိုပဲ အာရုံစိုက်နေပြီး ပြီးရင်တော့ ကျန်တဲ့ရာသီအချိန်တွေအတွက် ကလပ်အသင်းနဲ့ အတူ ရှိနေမှာ သိသာပါတယ်။ ပြီးရင် နွေရာသီမှာ ကျွန်တော်တို့ ပြန်လည်အကဲဖြတ်ပြီး အကောင်းဆုံးကဘာလဲဆိုတာကို ကြည့်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က