တိုင်ရွန်က We Love လေးတွေ မရိုက်ခိုင်းတဲ့ မိန်းမလျာကာရိုက်တာကို လုံးဝမရိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဒီလို မရိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း ဆက်လက် ပြောထားပါသေးတယ်။
Photo: Tyron Fb
တိုင်ရွန်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ေ နပါပြီ။ ဒါပေမယ့် သူ့အနေနဲ့ မိန်းမလျာ ဇာတ်ရုပ်ကိုတော့ လုံးဝ ရိုက်မှာ မဟုတ်ဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’ ကျွန်တော် မရိုက်ဘူးခင်ဗျ။ လုံးဝမရိုက်တတ်ဘူး။ ပြီးတော့ ကျွန်တော်လည်း ဒီအိုက်တင်ကို လုံးဝ မလုပ်တတ်တာလည်းပါတယ်။ နောက်ပြီးတော့ ဒီအရာကို ဟာသလုပ်ရတာ မကြိုက်တာလည်းပါတယ်။ တချို့ ပရိသတ်ကျတော့ အဲဒီလိုမျိုး မြင်ရတာကို သဘောမကျဘူးလေ။ ကျွန်တော်လည်း အဲဒီလိုမြင်ရတာကို သဘောမကျတဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ဖူးတာဆိုတော့ ကိုယ့်ကို အားပေးနေတဲ့ ယောကျ်ားလေး ပရိသတ်တွေကို စိတ်မပျက်စေချင်ဘူး’’ လို့ သူကဆိုပါတယ်။
Photo: Tyron Fb
သူငယ်ချင်းတွေ စတဲ့နောက်တဲ့ အခါမှာတော့ မိန်းမလျာပုံစံနဲ့ စတတ်၊ နောက်တတ်တာတွေရှိတယ်လို့ တိုင်ရွန်က ဆိုပါတယ်။
‘’ မိန်းမလျာပုံစံကတော့ အပြင်မှာတော့ နောက်ရင်းနဲ့လုပ်နေကြတာပဲ။ ဒါပေမယ့် အဲဒီ ကာရိုက်တာကြီးကို သရုပ်ဆောင်ဖို့ အတွက်ကျတော့ အဆင်မပြေဘူး။ ပြီးတော့ ကျွန်တော့် We Love တွေကလည်း ဒီကာရိုက်တာကို မရိုက်ဖို့ ပြောထားကြတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Zaw G
တိုင်ရွန်ဟာ ဒီရက်ပိုင်းမှာပဲ ‘’ပုရိသ’’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်နေ စဉ်အတွင်းမှာလည်း တိုင်ရွန်က သရုပ်ဆောင်ခင်လှိုင်ရဲ့ မိန်းမလျာလိုဝတ်ဆင်ထားတဲ့ ပုံနဲ့အတူတွဲပြီး အချစ်သစ် တွေ့နေပြီလို့ တင်ခဲ့ပါသေးတယ်။
‘’ ကိုခင်လှိုင်ရဲ့ မိန်းမလျာကာရိုက်တာနဲ့ ရိုက်တာ ဒီကားနဲ့ဆို ၃ ကြိမ်ရှိသွားပြီ. သူနဲ့အမြဲဆုံတယ်.. သူ့ပုံစံလေးကလည်း ချစ်စရာကောင်းတယ်..ကိုခင်လှိုင်နဲ့ ရင်းနှီးတာကြာပြီ ကျွန်တော် မော်ဒယ်စလုပ်ကတည်းက ‘’ဂယ်ပဲ သရဲ နဲ့ သူငယ်ရွာ’’ ဇာတ်ကားမှာ သူစပြီးတော့ ခေါ်ရိုက်ကတည်းက စပြီးတော့ ရင်းနှီးလာတာပေါ့နော် အခုချိန်ထိ။ တကယ်တော်တဲ့ အနုပညာသမားတစ်ယောက်ပါ။ အိုက်တင်အပိုင်းတွေဆိုလည်း အောက်ခြေသိမ်းက လူတွေကအစ လိုက်လုပ်ပေးတဲ့ လူတစ်ယောက်ဖြစ်လို့ အားလုံးကလည်း ချစ်ကြပါတယ်’’ ဆိုပါတယ်။
Photo: Tyron Fb
‘’ပုရိသ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး)က ရိုက်ကူးတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ရဲအောင်၊ တိုင်ရွန်၊ ခိုင်သင်းကြည်၊ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညမှာပဲ ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပါတယ်။