မှားယွင်းစွပ်စွဲခံခဲ့ရတာလို့ဆိုပါတယ်။

တရုတ်ရဲ့ အကြီးဆုံး e-Commerce တွေထဲက တစ်ခု ဖြစ်တဲ့ JD.Com ရဲ့ CEO ဘီလျံနာ ရစ်ချတ်လီယုဟာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်မှာ အဖမ်းခံခဲ့ရပါတယ်။

jdcom.jpg

Photo: China Money Network

 

JD.com တည်ထောင်သူ ရစ်ချတ်လီယုကို လိင်ပိုင်း မဖွယ်မရာ ပြုကျင့်မှုနဲ့အထိန်းသိမ်းခဲ့တာ ဖြစ်ပြီး စနေ နေ့လည်ပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ဟန်နီပင်ကောင်တီ ရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်လူမှုကွန်ရက် Weibo ပေါ် တက်လာတဲ့ သတင်းမှာတော့ မစ္စတာ လီယုဟာ အမေရိကန်ပြည်ထောင်စုကို အလုပ်ကိစ္စနဲ့ရောက်ရှိချိန်မှာ မှားယွင်း စွပ်စွဲခံခဲ့ရတာ ဖြစ်တယ်လို့JD.com က ပြောကြားထားပါတယ်။

"အမေရိကန်ကို စီးပွားရေးကိစ္စနဲ့သွားတုန်း မစ္စတာ လီယုကို မင်နီဆိုးတားရဲတပ်ဖွဲ့က အထောက်အထားမပါဘဲ စွပ်စွဲမှုနဲ့စုံစမ်းမေးမြန်းခဲ့တာပါ။" လို့ကုမ္ပဏီက ပြောပါတယ်။ မင်နီပိုးလစ် ရဲဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်အယ်လ်ဒါကတော့ စုံစမ်းမှုက ဆက်ရှိနေမှာ ဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့အကြောင်း အသေးစိတ် ပြောပြဖို့ငြင်းဆန်ခဲ့ပါတယ်။

JD.comလုပ်ငန်းစုဟာ Walmart Inc ၊ Alphabet နဲ့တရုတ်မှ Tencent Holidings Ltd တို့မှ အထောက်အပံ့ ရထားပြီး ၁၉၉၈ ခုနှ်မှာ တည်ထောင်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ JD.com ကို သုံးစွဲနေသူ ဖောက်သည် သန်း ၃၀၀ ကျော် ရှိထားပြီး တစ်နေရာတည်းမှာ အကုန်ဝယ်နိုင်တဲ့ shopping စနစ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကပဲ Google ဟာ လက်လီဝန်ဆောင်မှု တိုးချဲ့တဲ့ အနေနဲ့JD.com မှာ ဒေါ်လာ သန်း ၅၅၀ ကျော် ရင်းနှီးမြှပ်နှံသွားမယ်လို့ကြေငြာထားပါတယ်။ မစ္စတာ လီယုဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၆% ပိုင်ဆိုင်ထားသူဖြစ်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေပေးဖို့မဲပေးပိုင်ခွင့် ၈၀% ရထားသူ ဖြစ်ပါတယ်။ Bloomberg ရဲ့ ခန့်မှန်းချက်မှာတော့ သူဟာ အသားတင် ဒေါ်လာ ၇.၃ ဘီလျံ ကြွယ်ဝမယ်လို့ဖော်ပြထားပါတယ်။

 

Photo: CNN

အသက် ၄၅ နှစ်အရွယ် မစ္စတာ လီယုဟာ မင်နီဆိုးတား တက္ကသိုလ် စီးပွားစီမံပရိုဂရမ် ဒေါက်တာတန်း တက်ခဲ့သူ ဖြစ်ပြီး ဒီပရိုဂရမ်ဟာ ဘေဂျင်းမှ ရှင်းဟွာ တက္ကသိုလ်နဲ့လည်း မိတ်ဘက်ပြု ပူးပေါင်းထားတာပါ။

Share

Loading Next Article...
က္က