လိပ်ပြာစံအိမ် ရုပ်ရှင်ကားကြီးရိုက်ကွင်းပေါ်က အမှတ်တရတွေကို ဝတ်မှုန်ရွှေရည်က ပြန်လည်ပြောပြလာပါတယ်။ ဒီဇာတ်ကားဟာ ၉ ရက်အတွင်း ဝင်ငွေ သိန်းတစ်သောင်းရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်က အောင်မြင်မှုတွေရနေတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ရိုက်ကွင်းပေါ်မှာ အားကြိုးမာန်တက် သရုပ်ဆောင်ခဲ့ကြရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။
‘’လိပ်ပြာစံအိမ်အကြောင်း အမှတ်တရဆို ဒီချစ်စရာသမီးလေးတွေကလည်း မပါမဖြစ်ပေါ့။ ရိုက်ကူးရေးတောက်လျှောက် အရမ်းကို သိတတ်နားလည်ပြီး အမူအရာကို ကစ်တို့လူကြီးတွေနဲ့အပြိုင် မလျော့ပဲ ကြိုးစားထားကြတယ်။ ကစ်နဲ့ဆို တကယ်ကို သားအမိပုံမျိုး ပေါ်လွင်အောင်ဘေးကနေ ပံ့ပိုးပေးကြတဲ့ သမီးလေးတုံတုံနဲ့ ပြည့်ပြည့်လေး ချစ်တယ်နော်‘’ ဆိုပြီးတော့ ေ ဖဖော်ဝါရီလ ၁၉ ရက်နေ့ ၆ နာရီခွဲအချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည်
“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ (၉) ရက်အတွင်းရုံဝင်ငွေ ငွေကျပ်သိန်းတစ်သောင်းတိတိ ရရှိသွားပြီလို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုုက်ကူးထားတဲ့ ထိုင်းဒါရိုက်တာက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပုံနဲ့တကွ ဖော်ပြထားခဲ့ပါတယ်။ သူတို့ဖန်တီးထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ယုံကြည်ပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ လိပ်ပြာစံအိပ် ရုပ်ရှင်ဇာတ်ကားကို မင်္ဂလာရုပ်ရှင်ရုံများမှ လွဲပြီး ကျန်ရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်ကြောင်း ဖေဖော်ဝါရီ(၁၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။
Photo: ဝတ်မှုန်ရွှေရည်
လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံသား ဒါရိုက်တာက ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ တုံတုံတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည် (Wutt Mhone Shwe Yi) ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်"ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီးအဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိအောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။