မကြာခင် အွန်လိုင်းမှာ ထုတ်လွှင့်တော့မှာပါ။

ယောကျ်ားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်တွေကို ဖော်ကျူးထားတဲ့ “Evening Miracle” ရုပ်သံဇာတ်လမ်းတွဲကတော့ ပရိသတ်အရှေ့ကို မကြာခင်ရောက်လာတော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့ မင်းဘုန်းမြတ်နဲ့ ထက်အောင်ရှိုင်းတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: Cosmos



မင်းဘုန်းမြင့်ကတော့ သူငယ်ချင်းဖြစ်တဲ့ ထက်အောင်ရှိုင်းနဲ့အတူ “Evening Miracle” ဆိုတဲ့ Boy Love ရုပ်သံဇာတ်လမ်းတွဲရိုက်ထားတယ်လို့သိရပါတယ်။ မကြာခင်မှာ ထုတ်လွှင့်တော့မှာဖြစ်တဲ့အတွက် ဝေဖန်လာမယ့် အရာတွေကိုလည်း ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ မင်းဘုန်းမြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ဒီလို ဇာတ်ကားမျိုးတွေကို အားပေးတဲ့သူတွေ၊ ကောင်းတဲ့ Comment တွေပေးတဲ့သူတွေကတော့ရှိသလို၊ မကောင်းတာပြောတဲ့သူ တွေလည်းရှိလာမှာပါ။ အစောကြီးကတည်းက မျှော်လင့်ထားတာဖြစ်တဲ့အတွက် ရင်ထဲမှာဘာမှမရှိပါဘူး။ ဒီဇာတ်ကားကိုရိုက်ဖို့လက်ခံလိုက်တာကလည်း ကိုယ်တိုင်က ဘယ်လို ကာရိုက်တာမဆို ကြိုးစားချင်နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ရိုက်ဖြစ်သွားတာပါ” လို့ ဆိုပါတယ်။ မင်းဘုန်းမြတ်ကိုတော့ ဒီဇာတ်ကားထဲမှာ မျက်စိမမြင်တဲ့ ကောင်လေးတစ်ယောက်အဖြစ် ပရိသတ်တွေ မြင်ရမှာဖြစ်ပါတယ်။

Photo: Min Phone Myat

“Evening Miracle” ဇာတ်ကားဟာ ယောကျ်ားလေး နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ မင်းဘုန်းမြတ်ဟာ သူငယ်ချင်းဖြစ်တဲ့ ထက်အောင်ရှိုင်းနဲ့ အတူတွဲ သရုပ်ဆောင်ရတာဖြစ်တဲ့ အတွက် ကာရိုက်တာမိဖို့ တော်တော်လေး ခက်ခဲတယ်လို့လည်း သူကဆိုပါတယ်။

“ကျွန်တော်တို့ နှစ်ယောက်အတွက်အခက်အခဲကတော့ အတည်ပေါက်ကြီးနဲ့ ပြောရတဲ့ဇာတ်ဝင်ခန်းတွေဆိုရင် အရမ်းရယ်ချင်တာ။ ကိုယ့် သူငယ်ချင်းအရင်းကြီးကိုကိုယ်က ဒီစကားတွေ ပြောရတာ၊ မျက်လုံးချင်းဆုံတာနဲ့ ခွီနေရတာ။ နောက်ပိုင်းကျတော့ နှစ်ယောက်ဆုံတဲ့အခန်းတွေဆိုရင် သူ့မျက်လုံးကို မကြည့်ပဲ နားထင်ကို ကြည့်ပြီး ပြောရတာ” လို့ သူကပြောပါတယ်။

Photo: Cosmos

အဲဒီနောက် ထက်အောင်ရှိုင်းကလည်း Boy Lover ဇာတ်ကားဖြစ်တဲ့ “Evening Miracle” ဇာတ်ကားထဲမှာ မင်းဘုန်းမြတ်နဲ့ အတူတွဲ သရုပ်ဆောင်ရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။

“ မင်းဘုန်းမြတ်နဲ့ တွဲရိုက်ရမယ်ဆိုတော့ သူနဲ့က ငယ်သူငယ်ချင်းလည်းဖြစ်တာနဲ့ အဆင်ပြေတယ်ပေါ့။ ပထမကတော့ BoyLove ဇာတ်ကားဖြစ်နေတော့ ဝေဖန်တာတွေက ပိုများလာမှာဆိုတာနဲ့ မရိုက်ပဲ ငြင်းသေးတယ်။ ဒါပေမယ့် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း သူက ကျွန်တော့် သေသေ ချာချာပြောပြတယ်။ မင်းနဲ့ ဆိုရင်တော့ ရိုက်မယ်ကွာဆိုပြီးပြောလိုက်တယ်။ဇာတ်ကားကလည်း ရွံစရာဇာတ်ကားမျိုးမဟုတ်ဘူး၊ ဇာတ်ညွှန်းဖတ်လိုက်တဲ့ အချိန်မှာလည်း ရိုက်ချင်စိတ်ဖြစ်တယ်၊ အနုပညာကိုလည်း ပြခွင့်ရတဲ့အတွက် လက်ခံလိုက်တယ်” လို့ ဆက်လက် ဖြေဆိုပေးခဲ့တာပါ။

Photo: Htet Aung Shine

“Evening Miracle” ဇာတ်လမ်းတွဲကိုတော့ Cosmos Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကျော်ထင်က ပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့ မင်းဘုန်းမြတ် နဲ့ ထက်အောင်ရှိုင်း တို့အပြင် နောက်ထပ် ဇာတ်ပို့သရုပ်ဆောင်များစွာတို့ကလည်း ပါဝင်ထားကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ပရိသတ်အရှေ့ကို ရောက်ရှိလာမယ့် ပထမဆုံး BoyLover ဇာတ်လမ်းတွဲ တစ်ခုဖြစ်လို့လာခဲ့ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က