လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးကို မာနေးလ်က သွင်းယူပေးခဲ့တာဖြစ်ပြီး လက်စတာအတွက်မက်ဒီဆင်က ပြန်လည်ချေပပေးခဲ့ပေမယ့် ပွဲပြီးခါနီးပင်နယ်တီမှာရရှိခဲ့တဲ့ မီလ်နာ ရဲ့ပင်နယ်တီဂိုးကြောင့် လက်စတာတို့ ရှုံးပွဲကြုံတွေ့ခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ တိုက်စစ်မှာ အဓိက,ကစားသမား ၃ဦးဖြစ်တဲ့ မာနေးလ်၊ ဆာလက်ဒ်၊ ဖာမီနိုတို့ ၃ဦးလုံး ကို အသုံးပြုခဲ့ပြီး လက်စတာအသင်းကတော့ ဂျေမီဗာဒီတစ်ဦးတည်းကို အထောင်ထား ကာ ၄ -၁-၄-၁ ကစားကွက်နဲ့ အိမ်ရှင်အသင်းကို ရင်ဆိုင်ပွဲထွက်လာခဲ့ပါတယ်။
ပွဲစစခြင်းမှာတင် နှစ်သင်းလုံးတိုက်စစ်ဆင်ကစားခဲ့တဲ့အတွက် အပြန်အလှန်ဂိုးသွင်းခွင့်ကိုယ်စီရရှိခဲ့ပြီး ဂိုးသမားတွေလက်စွမ်းပြနိုင်ခြင်းနဲ့အတူ ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် မက်ဒီဆင်၊ ဗာဒီ၊ ရီ ကာဒိုတို့ရဲ့ အတိုးအလှုပ်တွေကလည်း လီဗာပူးနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။
ပွဲချိန်မိနစ် ၂၀နောက်ပိုင်းမှာ လီဗာပူးတိုက်စစ်ပိုအလုပ်ဖြစ်ခဲ့ပြီး လက်စတာတို့ခံစစ်မှာသာ ဂိုးမပေးရဖို့ ပိုပြီးအားစိုက်ခဲ့ရပါတယ်။ ဗန်ဒိုက်ချ်၊ လိုဗရန်ခံစစ်အတွဲကလည်း ဂျေမီဗာဒီကိုအကောင်းဆုံးထိန် းချုပ် နိုင်ခဲ့တဲ့အတွက် လက်စတာတိုက်စစ်အကောင်းဆုံးပုံမဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အီဗန်၊ ပီရီယာ၊ ချီဝဲလ်တို့ဦးဆောင်တဲ့ ခံစစ်ပိုင်းကလည်း လီဗာပူးတိုက်စစ်ဂိုးမရဖို့အတွက်အကောင်း ဆုံးဖျက်ထုတ်မှုတွေပြုလုပ်နိုင်ခဲ့သလို တစ်ကိုယ်ကောင်းဆန်နေတဲ့ ဆာလက်ဒ်ရဲ့ကစားပုံကြောင့်လ ည်း လက်စတာတို့သက်သာရာရခဲ့ပါတယ်။
ပွဲချိန်မိနစ်၄၀မှာတော့ လီဗာပူးတို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်ပွဲထွက်လာတဲ့ ဂျိမ်းစ်မီလ်နာရဲ့ အကွက်မြင်မြင်ဖန်တီးပေးပို့မှုကို မာနေးလ်က အမှားအယွင်းမရှိဂိုးအဖြစ်ပြောင်း လဲေ ပး နိုင်ခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ အိမ်ရှင်လီဗာပူးတို့ ၁-ဝဂိုးနဲ့အနိုင်ရရှိနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အယ်လ်ဘရိုက်တန်ဝင်လာတဲ့ လက်စတာကွင်းလယ်ပိုင်း အနည်းငယ်ပြန်ကော င်း လာခဲ့ပြီးတိုက်စစ်နဲ့အကောင်းဆုံးချိတ်ပြီးလီဗာပူးဘက်ကိုဂိုးကန်သွင်းအချို့နဲ့အတူခြိမ်းခြောက်လာ နိုင်ခဲ့ပါတယ်။
ပွဲချိန်မိနစ် ၅၀နောက်ပိုင်း လက်စတာဘက်က ဂျေမီဗာဒီအကောင်းဆုံးအခွင့်အရေးတစ်ရပ်လွဲေ ချာ်ခဲ့ သလို လီဗာပူးဘက်ကလည်း ဖာမီနို၊ မာနေးလ်၊ ဆာလက်ဒ်တို့ရဲ့ ကန်သွင်းမှုတွကို လက်စတာဂိုးသ မားရှမိုက်ကယ်အံအားသင့်ဖွယ်ကာကွယ်မှုတွေအကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့အတွက် နှစ်သင် းလုံးဂိုးထ ပ်ရဖို့ ခက်ခဲနေခဲ့ပါတယ်။
ကစားအားအနည်းငယ်ကျလာတဲ့ တောင်ပံတိုက်စစ်ပိုင်းအတွက် ပွဲချိန် ၇၃မိနစ်မှာ အယိုဇီပီရက်ဇ်ကို ထည့်သွင်းခဲ့ပြီးတဲ့နောက်လက်စတာတို့ တိုက်စစ်ပိုင်းပိုမိုထိရောက်အောင်ကစားလာနိုင်ခဲ့ပြီးလီ ဗာပူး ကတော့ ဂိုးမပေးရဖို့အတွက် အဓိကအားစိုက်လာခဲ့ပါတယ်။
ပွဲချိန်မိနစ် ၈၀မှာတော့ လက်စတာတိုချေပဂိုးရရှိခဲ့ပြီး တောင်ပံကစားသမားမက်ဒီဆန်ကို အသင်းဖော် အယိုဇီပီရက်ဇ်ရဲ့ဖန်တီးပေးပို့မှုကို ဗန်ဒိုက်ချ် လိုက်လံဖျက်ထုတ်နေတဲ့ကြားကနေ အပြင်းကန်သွင်းပြီး ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။
နောက်ပိုင်းပွဲချိန်များတွင် လက်စတာအနေနဲ့ ဂိုးပြန်မပေးရဖို့အတွက် အဓိကအားစိုက်ခဲ့ပြီး လီဗာပူးက တော့ ဂိုးထပ်ရဖို့ တိုက်စစ်ပိုင်းကို ပိုပြီးအားစိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ဇုံထဲမှာ ၆ဦးအထိရှိနေခဲ့တဲ့ အပြင် ကြံ့ခိုင်မှုအသားပေးမာမာထန်ထန်ကစားလာတဲ့ လက်စတာခံစစ်ကြောင့် လီဗာပူးတို့ဂိုးထပ်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမဲ့ ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး လက်စတာကစားသမားအယ်လ် ဘရိုက်တန်ရဲ့ ဥပဒေပကစားမှုကြောင့် လီဗာပူးတို့ ပင်နယ်တီရရှိခဲ့ပြီး ဂျိမ်းစ်မီလ်နာက အမှားအယွင်း မရှိကန်သွင်းခဲ့လို့ လီဗာပူးတို့ ဦးဆောင်ဂိုးပြန်ရခဲ့ပြီး မျက်လှည့်ဆန်ဆန်အနိုင်ရလဒ်နဲ့အဆုံးသတ်နိုင်ခဲ့ ပါတယ်။
Share