ဒီနေ့ကတော့ ရွှေမှုံရဲ့ အသက် ၂၁ နှစ်ပြည့်မွေးနေ့ပါ။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ ‘’လိုက်ဖက်တဲ့ဘဝ’’ ဆိုတဲ့ သီချင်းကို ပျော်ပျော်ပါးပါးသီဆိုနေတာ တွေ့ရပါတယ်။ ဒီနေ့ ကတော့ ရွှေမှုံရတီရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

Photo: Shwe Htoo



ဒီနေ့ မေလ ၁၆ ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အသက် (၂၁) နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့မတိုင်ခင်ညမှာတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ဇနီးမောင်နှံဟာ အာဇာနည်နဲ့ ဝိုင်းစုခိုင်သိန်းတို့ သီဆိုထားတဲ့ ‘’လိုက်ဖက်တဲ့ဘဝ’’ ဆိုတဲ့ သီချင်းကို ပျော်ပျော်ပါးပါး သီဆိုခဲ့ကြတာတွေ့ရပါတယ်။ သီချင်းဆိုနေတဲ့ အမှတ်တရ ဗီဒီယိုဖိုင်ကိုတော့ ရွှေထူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၁၅ ရက်နေ့ ညက တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Shwe Htoo

ရွှေမှုံရတီရဲ့ မွေးနေ့မှာတော့ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္မူတောရ ဘုန်းကြီးကျောင်းမှာ အလှူအတန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်။ သူမဟာ မွေးနေ့တိုင်း၊ မွေးနေ့တိုင်းကိုလည်း အလှူအတန်းတွေနဲ့ ဖြတ်သန်းလေ့ရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောထားတာကို တွေ့ရပါတယ်။

Photo: Shwe Htoo

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Shwe Htoo

သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်လည်းဖြစ်ပါတယ်။

Photo: Shwe Htoo

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က