ဆိုးလ်ရှားကတော့ အမြဲတမ်း နည်းပြအတွက် သတင်းထွက်ပေါ်နေတာပါ။

ဆိုးလ်ရှားအလိုရှိနေတာက ဂျူဗင်တပ်က ကော်စတာနဲ့အင်တာမီလန်က ပါရီဆစ်တို့ ဖြစ်ပေမယ့် နည်းပြ ဟောင်း မော်ရင်ဟိုလက်ထက်ကတည်းက စိတ်တိုင်းမကျဖြစ်နေတဲ့ နောက်တန်းအတွက်သာ အားဖြည့် ခေါ်ယူစေလိုနေတာ ဖြစ်ပါတယ်။

မန်ယူအသင်းက ယာယီနည်းပြ ဆိုးလ်ရှားကို လာမယ့် နွေရာသီဈေးကွက်မှာ နောက်ခံလူ တစ်ဦးခေါ်ယူ နိုင်ဖို့အတွက် ပေါင် သန်း ၈၀ ပေးထားတယ်လို့ The Sun က ဖော်ပြပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားရဲ့ အမှန်တကယ် ခေါ်ယူလိုချင်တဲ့ ကစားသမားက တောင်ပံ ကစားသမားဖြစ်တယ်လို့ လည်း The Sun က ပြောထားပါတယ်။ ပြီးခဲ့တဲ့လက Sun Sport ရဲ့ ဖော်ပြချက်အရတော့ မန်ယူက ဒေါ့မွန်အသင်းမှ အင်္ဂလန် လူငယ်ကြယ်ပွင့် ဂျော်ဒန်ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ နည်းပြ ဆိုးလ်ရှားကတော့ တောင်ပံ တိုက်စစ် ကစားသမားတစ်ဦးကို အလိုရှိနေတာလို့ သိရပြီး လတ်တလောမှာတော့ ဂျူဗင်တပ်က ဒေါက်ကလပ်ကော်စတာနဲ့ အင်တာမီလန်က ပါရီဆစ်တို့ကို မျက်စိကျ နေသူပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟို လက်ထက်ကတည်းက နောက်တန်းကို စိတ်တိုင်းမကျ ဖြစ် နေတဲ့ မန်ယူအသင်းကတော့ ဆိုးလ်ရှားကို နောက်တန်းတစ်ယောက်ခေါ်ဖို့သာ တိုက်တွန်းနေတာလို့ သိရပါတယ်။

လက်ရှိမှာ နာပိုလီအသင်းက ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဆီနီဂေါ နောက်ခံလူ ကောင်လီဘူလီကိုစောင့်ကြည့် နေတယ်လို့ သိရပြီး တန်ကြေးကတော့ လီဗာပူးက နောက်ခံလူ ဗန်ဒိုက် နည်းတူ ပေါင် ၇၅ သန်းလောက်ပေးချေရဖို့ ရှိနေပါတယ်။ အခြားတစ်ဦးဖြစ်တဲ့ လက်စတာအသင်းက အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွဲယားကိုလည်း လက်စတာအသင်းက ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ မန်ယူ ယာယီနည်းပြ သက်တမ်းမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားလို့ အမြဲတမ်း နည်းပြ အဖြစ် ရာထူးတိုး ခန့်အပ်ခြင်း ခံရဖို့ သတင်းတွေ ပေါ်ထွက်နေပြီး လက်ရှိမှာလည်း အက်ဖ်အေ ဖလားနဲ့ ချန်ပီယံလိဂ်တို့မှာ ကွာတားဖိုင်နယ်ကို တက်လှမ်းထားနိုင်ပါပြီ။

Share

Loading Next Article...
က္က