မက်ဆီကတော့ လီဝန်ဒေါစကီးဆုရလို့ ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်။

ဖီဖာတနှစ်တာ အကောင်းဆုံး ကစားသမားဆု The Best ဆုအတွက် ဆုပေးပွဲအခမ်းအနားကို မနေ့က ကျင်းပခဲ့ပြီး လီဝန်ဒေါစကီးက The Best ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပါတယ်။



ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ဘလွန်းဒီအော်နဲ့ လွဲချော်ခဲ့ရပေမယ့် The Best ဆုကိုတော့ အခုလိုပဲ ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂန္တဝင် ကစားသမားကြီး ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖြတ်နိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘလွန်းဒီအော်ကိုပါ ဆွတ်ခူးနိုင်မယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် မက်ဆီက လီဝန်ဒေါစကီးထက် ရမှတ် (၄) မှတ် အသာနဲ့ ဘလွန်းဒီအော်ကို ဆွတ်ခူးသွားနိုင်ခဲ့ပြီး ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။

မက်ဆီဟာ ဘလွန်းဒီအော်ကိုရရှိခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ (၂၀၂၀) အတွက် ဘလွန်းဒီအော်ကို လီဝန်ဒေါစကီးအတွက် ပေးအပ်သင့်တယ်လို့ ပြောကြားခဲ့ပြီး အခု ဖီဖာ The Best ဆုကို လီဝန်ဒေါစကီးရရှိချိန်မှာ မက်ဆီတယောက် ပီတိတွေဖြာနေခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကို မက်ဆီဟာ ပဲရစ်မြို့မှာပဲ အွန်လိုင်းကတဆင့် ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ဖီဖာဥက္ကဌ အင်ဖန်တီနိုက လီဝန်ဒေါစကီး The Best ဆုရကြောင်း ကြေညာလိုက်ချိန်မှာ မက်ဆီရဲ့ တုံ့ပြန်ပုံအပေါ် ပရိသတ်တွေက သဘောကျနှစ်သက်ပြီး မက်ဆီရဲ့ နှစ်လိုဖွယ်အပြုံးကို ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ အမျိုးမျိုး ချီးကျူးပြောကြားနေကြပါတယ်။ 

Share

Loading Next Article...
က္က