ပြီးခဲ့တဲ့နှစ်အတွက် ရရှိသင့်တယ်လို့ ပြောဆိုခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ဘလွန်းဒီအောဆုကို သေချာပေါက်ဆွတ်ခူးနိုင်မယ့်သူဆိုတာ အားလုံးက သိထားခဲ့ပေမယ့် ကပ်ရောဂါအခြေအနေကြောင့် ဆုမချီးမြှင့်နိုင်ခဲ့လို့ သူ့ရဲ့မျှော်လင့်ချက်တွေပျက်ပြားခဲ့ရပါတယ်။ 


အားလုံးစိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြတဲ့ ဘလွန်းဒီအောဆုပေးပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မက်ဆီက ၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးသွားခဲ့ပြီး ဒီဆုသမိုင်းမှာ အများဆုံးရယူနိုင်သူဖြစ်လာခဲ့ပါတယ်။ လီဝန်ဒေါစကီးက ဒုတိယ၊ ဂျော်ဂျင်ဟိုက တတိယနေရာရရှိခဲ့ပြီး ရော်နယ်ဒိုကတော့ အဆင့် ၆ နေရာမှာသာ ရှိနေခဲ့ပါတယ်။ 



ဆုရရှိအပြီးမှာတော့ မက်ဆီက သူဆွတ်ခူးနိုင်ခဲ့တဲ့အပေါ်မှာ အရမ်းဝမ်းသာမိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီဆုကို သူ နောက်ထပ်တစ်ကြိမ်ထပ်မံရရှိတာကို မိသားစု၊ ညီအကိုတွေမြင်တွေ့ခဲ့ရတာကိုလည်း သူ ကျေနပ်မိတယ်လို့လည်း ထပ်မံပြောဆိုခဲ့ပါသေးတယ်။ တဆက်တည်းမှာပဲ မက်ဆီက ဒီနှစ်မှာ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့တဲ့ လီဝန်ဒေါစကီးကို ပြီးခဲ့တဲ့နှစ်အတွက် ဆုပေးအပ်သင့်တယ်လို့ France Football ကို ပြောဆိုခဲ့ပါတယ်။

"ကျွန်တော် လီဝန်ဒေါစကီးကို ညွှန်းဆိုလိုပါတယ်၊ ခင်ဗျားနဲ့ ယှဉ်ပြိုင်ရတာက တကယ့်ကိုဂုဏ်ယူဖို့ကောင်းပါတယ်၊ ပြီးခဲ့တဲ့နှစ်မှာ ဒီဆုကို ခင်ဗျားရရှိသင့်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး နားလည်လက်ခံထားပြိးသားပါ၊ France Football အနေနဲ့လည်း ၂၀၂၀ ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးဆီ ချီးမြှင့်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီဆုက ခင်ဗျားနဲ့ ထိုက်တန်ပါတယ် လီဝန်ဒေါစကီး"

"ဒီဆုကို ခင်ဗျားအိမ်မှာ ထားရှိသင့်ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဘိုင်ယန်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ခြေစွမ်းအကောင်းဆုံးပြခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘလွန်းဒီအောဆုကို သေချာပေါက်ဆွတ်ခူးနိုင်မယ့်သူဆိုတာ အားလုံးက သိထားခဲ့ပေမယ့် ကပ်ရောဂါအခြေအနေကြောင့် ဆုမချီးမြှင့်နိုင်ခဲ့လို့ သူ့ရဲ့မျှော်လင့်ချက်တွေပျက်ပြားခဲ့ရပါတယ်။ 

ဒီနှစ်မှာတော့ မက်ဆီနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး မဲအရေအတွက်အနည်းငယ်နဲ့ အရေးနိမ့်ခဲ့ကာ Stirker of the Year ဆုကိုပဲ ရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီးရရှိသင့်တယ်လို့ ယူဆသူအများအပြားရှိနေခဲ့ပေမယ့် မဲပေးမှုမှာတော့ မက်ဆီက အသာရခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က