ဘာကာနဲ့ ဘိုင်ယန်တို့က ချန်ပီယံလိဂ်ပွဲအဖြစ် ကစားရတော့မှာပါ။

ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဝန်ဒေါစကီးဆီ လူမှားပြီး ဘောလုံးမပေးဖို့အတွက် ဘိုင်ယန်တိုက်စစ်မှူးမာနေးက အသင်းဖော်သောမတ်စ်မူလာကို နောက်ပြောင်သတိပေးလိုက်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ရင်ဆိုင်ကြရမှာဖြစ်ပြီး လီဝန်ဒေါစကီးကတော့ သူ ဆယ်စုနှစ်တခုလောက်ကစားခဲ့တဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

ဒီရာသီကမှ သူက ဘာစီလိုနာကို​ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မြန်မြန်ဆန်ဆန်ပဲ အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့တုန်းက သောမတ်စ်မူလာနဲ့ အတွဲအဖက်ညီခဲ့ပြီး မူလာက သူ့အတွက် ဖန်တီးမှုတွေအများအပြားပြုလုပ်ပေး ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း မာနေးက မူလာအနေနဲ့ လီဝန်ဒေါစကီးကို အသင်းဖော်ပဲလို့ထင်မှတ်ပြီး ဘောလုံးမပေးနဲ့လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ 

"မာနေးက ကျနော့်ကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက နောက်ပြောင်နေတာ၊ ပွဲကစားနေချိန်မှာ လီဝန်ဒေါစကီးကို မှားပြီးတော့ လူမပေးနဲ့နော်ဆိုပြီး သူ လာပြောနေတာ၊ မနက်ဖြန်ကစားရမယ့်ပွဲအတွက် ကျနော်တို့ ပြင်ဆင်နေပါတယ်၊ လီဝန်အပေါ်ကိုပဲ အာရုံစိုက်နေတာမျိုးတော့မရှိပါဘူး" လို့ မူလာကပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ SPORT က ဖော်ပြခဲ့ပါတယ်။ 

မူလာနဲ့ လီဝန်ဒေါစကီးတို့ဟာ ဘိုင်ယန်မှာ ၈ နှစ်ကြာ အတူတူကစားခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပူးပေါင်းကစားမှုနဲ့အတူ ဘိုင်ယန်က သွင်းဂိုးတွေအများအပြားရရှိခဲ့ကာ အောင်မြင်မှုတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အခုတော့ အသင်းဖော်ဟောင်းနှစ်ယောက်က ပြိုင်ဘက်တွေအဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာစီလိုနာကို ဘိုင်ယန်တို့ အနိုင်ယူခဲ့ရာမှာလည်း သူတို့နှစ်ဦးရဲ့ သွင်းဂိုးတွေ၊ ခြေစွမ်းတွေက အဓိကကျခဲ့ပါတယ်။ ဒီတခါမှာတော့ လီဝန်​ဒေါစကီးက ဘာစီလိုနာအတွက် ကစားပေးပြီး ဘိုင်ယန်ကို အနိုင်ရအောင် ကြိုးစားပေးရမှာလည်းဖြစ်ပါတယ်။


Share

Loading Next Article...
က္က