အာဂျင်တီးနားတိုက်စစ်မှူးက ဆုလက်ခံရယူအပြီးမှာ ပြီးခဲ့တဲ့နှစ်အတွက် ဆုကို လီဝန်ဒေါစကီးဆီ ပေးအပ်သင့်တယ်လို့ လူသိရှင်ကြားပြောဆိုခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးအတွက် ထိုက်တန်မှုရှိတယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ယမန်နှစ်က ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးရရှိသင့်တယ်လို့ ပြောဆိုခဲ့တဲ့ မက်ဆီရဲ့စကားအပေါ်မှာ ဂယ်ရီလိုင်နီကာက ထောက်ခံမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးက ဆုလက်ခံရယူအပြီးမှာ ပြီးခဲ့တဲ့နှစ်အတွက် ဆုကို လီဝန်ဒေါစကီးဆီ ပေးအပ်သင့်တယ်လို့ လူသိရှင်ကြားပြောဆိုခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးအတွက် ထိုက်တန်မှုရှိတယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကိုရိုနာကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်မှာ ဆုပေးပွဲကိုမကျင်းပဖြစ်ခဲ့ဘဲ ဆုရရှိဖို့သေချာနေတဲ့ လီဝန်ဒေါစကီးဟာ ကစားသမားတိုင်းအလိုရှိတဲ့ ဘလွန်းဒီအောဆုနဲ့ ကင်းဝေးခဲ့ရပါတယ်။ ဒီအပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေလည်း အများအပြားရှိနေခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ဆုက ခိုးယူခံလိုက်ရတယ်လို့တောင် ပရိသတ်တွေက တင်စားပြောဆိုခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဂယ်ရီလိုင်နီကာက သူ့ရဲ့တွစ်တာကတဆင့်ရေးသားခဲ့ရာမှာ "ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဘလွန်းဒီအောဆုကို ရောဘတ်လီဝန်ဒေါစကီးဆီ နောက်ကြောင်းပြန်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်၊ သူက အဲဒီဆုနဲ့ ထိုက်တန်သူပါ၊ သူ့ဆီမှာလည်း တခုရှိသင့်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာ မက်ဆီရဲ့ ပြောဆိုမှုအပေါ် ထောက်ခံမှုတွေကို လိုင်နီကာက ထပ်မံရေးသားခဲ့ပါတယ်။
"မက်ဆီနဲ့သဘောတူတယ်၊ မက်ဆီမှန်တယ်၊ လီဝန်ဒေါစကီးကို အဲဒီဆုပေးရမှာပါ၊ ဒီလိုလုပ်ရတာ လွယ်လွယ်လေးပါဗျာ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရပါမယ်" လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။ လီဝန်ဒေါစကိးဟာ ၂၀၂၀ ခုနှစ်မှာ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်၊ ပိုကယ်ဖလား၊ ဘွန်ဒက်လီဂါဖလားတို့ကို တပြိုင်နက်တည်းဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း ၄၀ မှာ ၄၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒီရာသီမှာလည်း အလားတူခြေစွမ်းမျိုးကို ပြသနေခဲ့ပြီး လက်ရှိမှာ ပြိုင်ပွဲစုံ ၂၀ ကစားအပြီး ဂိုးပေါင်း ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ မက်ဆီဆုရရှိခဲ့တဲ့အပေါ်မှာ ဆိုင်မွန်စတုန်းစ်၊ တောလာတွဲလ်မန်း၊ ဆီလွိုက်တို့လို နာမည်ကျော်ဂျာနယ်လစ်တွေက သဘောမတူခဲ့ဘဲ လီဝန်ဒေါစကီးရရှိသင့်တယ်လို့ ယူဆနေကြပါတယ်။