စီရော်နယ်ဒိုရဲ့ သွင်းဂိုးအရေအတွက်က ကျဆင်းနေဆဲဖြစ်ပါတယ်။

၂၀၁၉ခုနှစ်ဟာ စီရော်နယ်ဒိုအတွက် သွင်းဂိုးအရေအတွက် အနည်းဆုံးနှစ်တစ်နှစ်ဖြစ်လာခဲ့တာပါ။

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၁၉ တစ်နှစ်တာအတွင်း သွင်းဂိုးအရေအတွက် ၃၉ ဂိုးသာရှိခဲ့တဲ့အ တွက် နောက်ပိုင်းနှစ်များအတွင်း သွင်းဂိုးအရေအတွက်အနည်းဆုံးဖြစ်ခဲ့တဲ့အပြင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ တစ်နှစ်တာသွင်းဂိုးနှုန်းကိုပါ ယှဉ်နိုင်ခဲ့ခြင်းမရှိဘူးလို့ Marac.com က ဖော်ပြလာပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ၂၀၁၉ တစ်နှစ်တာအတွင်း ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ဂိုးသွင်းယူပေးခဲ့ပြီး နိုင်ငံ့ လက်ရွေးစင်အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းအတွက် သွင်းဂိုး ၁၄ဂိုးပဲရယူထားနိုင်ခဲ့လို့ အခုလိုသွင်းဂိုးနည်းတဲ့နှ စ်တစ်နှစ်ဖြစ်လာခဲ့တာတာပါ။



လက်ရှိမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးက ပိုလန်လက်ရွေးစင်အသင်း၊ ဘိုင်ယန်မြုးနစ်အသင်းတို့ အတွက် တစ်နှစ်တာအတွင်း သွင်းဂိုး ၅၄ဂိုးအထိရရှိထားခဲ့ပြီး ၂၀၁၉ခုနှစ်အတွက် သွင်းဂိုးအများဆုံးကစားသ မားအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

တစ်နှစ်တာအတွင်း သွင်းဂိုးအများဆုံးကစားသမားတွေအဖြစ် လီဝန်ဒေါစကီးရဲ့နောက်မှာ မက်ဆီက ဂိုး ၅ဝနဲ့ဒု တိယ၊ ဘတ်ပီက ၄၄ ဂိုးနဲ့ တတိယ၊ စတာလင်းက ၄၁ဂိုးနဲ့စတုထ္ထ၊ ဇဟာဗီက သွင်းဂိုး ၄ဝနဲ့ ပဥ္စမနေရာတို့မှာအ သီးသီးရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

အခြားဆက်စပ်မှတ်တမ်းတွေအရ တစ်နှစ်တာအတွင်းသွင်းဂိုး ၃၉ ဂိုးပဲရခဲ့တဲ့ စီရော်နယ်ဒိုရဲ့အခြေအနေကလ ည်းနောက်ဆုံး ၅နှစ်အတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ၂၀၁၄မှာ ၆၁ဂိုး၊ ၂၀၁၅မှာ ၅ရဂိုး၊ ၂၀၁၆မှာ ၅၅ဂိုး၊ ၂၀၁ရမှာ ၅၃ဂိုး၊ ၂၀၁၈မှာ ၄၉ဂိုးပဲရရှိခဲ့လို့ အခုနှစ်သွင်းဂိုးအရေအတွက်က သိသိသာသာကျဆင်းခဲ့တာဖြစ်တယ်လို့လ ည်း မှတ်တမ်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

Share

Loading Next Article...
က္က