လိုင်ယွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာပွဲစဉ်တစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ လိုင်ယွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာပွဲစဉ်တစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ နောက်ထပ်တစ်ကြိမ် လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး လီဂူးဝမ်းကလပ်အသင်း အမာခံပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ ချန်ပီယံလိဂ်က စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

 

အာဂျင်တီးနားကြယ်ပွင့်အတွက် လိုင်ယွန်နဲ့ပွဲစဉ်ဟာ နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၂၆ ကြိမ်အထိ ဆုံးရှုံးခဲ့ပြီး ကွင်းထဲက ဘယ်လိုကစားသမားမျိုးထက်မဆို ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

 

ဘာစီလိုနာဂန္တဝင်ဟာ တစ်ချိန်တုန်းက ခြေထောက်ထဲက ဘောလုံးကို လုယူဖို့ မဖြစ်နိုင်လုနီးပါး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့သူဖြစ်ပြီး လိုင်ယွန်နဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဘောလုံး ဆုံးရှုံးမှုများပြားခဲ့တာဖြစ်ပါတယ်။

 

အဲဒီအချက်ကြောင့် အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ စတင်ကျဆင်းလာနေပြီလားဆိုတဲ့ သံသယတွေ ဖြစ်ပေါ်လာစေပြီး အဲဒီသံသယကို ပိုမို ခိုင်မာစေတာက လီယွန်နယ် မက်ဆီဟာ ယခုရာသီ လီဂူးဝမ်းမှာ ဘောလုံးပိုင်ဆိုင်မှု ၄၉၈ ကြိမ်အထိ ဆုံးရှုံးထားပြီးဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးမှုအများဆုံးကစားသမားစာရင်းထဲမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

 

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီရဲ့ အနာဂတ်ဟာလည်း စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးတာကြောင့် မရေမရာဖြစ်နေတာဖြစ်ပြီး L’Equipe နဲ့ RMC Sport သတင်းဌာန ၂ ခုစလုံးက အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပြင်သစ်ချန်ပီယံတွေနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

 

ဘာစီလိုနာအသင်းက အသင်းကို ပြန်လာချင်နေတဲ့ ဂန္တဝင်တိုက်စစ်မှူးကို ခေါ်ယူချင်နေပြီး နည်းပြ ဇာဗီနဲ့ အဝတ်လဲခန်းထဲက ဘာစီလိုနာကစားသမားတွေကလည်း စောင့်မျှော်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က