ဂျမဲလ် မူစီအားလားဟာ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီရဲ့ ရှပ်ကို တောင်းခဲ့ပေမယ့်လည်း မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
မူစီအားလားဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပီအက်စ်ဂျီအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၃-၀ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ အဲရစ် မက်ဆင် ချူပို-မိုတင်းနဲ့ ဂနာဘရီတို့ဟာ အဲလီးယန့်ဇ် အေရီနာမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ကြတာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တဲ့အတွက် L'Equipe ရဲ့ ရမှတ်သတ်မှတ်ချက်မှာ ၃ မှတ်သာ ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ဂျာမနီမှာ အထင်ကြီးဖွယ် ခြေစွမ်း မပြသနိုင်ခဲ့ပေမယ့်လည်း မူစီအားလားဟာ ပွဲအပြီးမှာ အာဂျင်တီးနားဂန္တဝင်ကို တရိုတသေနဲ့ ပွဲကစားထားတဲ့ ရှပ်ကို တောင်းဆိုခဲ့တာဖြစ်ပြီး မက်ဆီက ဥမင်အတွင်းကို လာခဲ့ဖို့ လက်ဟန်ခြေဟန်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်လူငယ်ကြယ်ပွင့်ဟာ ပွဲစဉ်အပြီး ဥမင်လျှောက်လမ်းထဲမှာ လီယွန်နယ် မက်ဆီကို ရှာမတွေ့ခဲ့တာကြောင့် လိုချင်တဲ့ ရှပ်ကို မရရှိခဲ့တဲ့အကြောင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ "ကျွန်တော် သူ့ကို ရှာမတွေ့ခဲ့ဘူးဗျာ"လို့ စိတ်ပျက်ဟန်နဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပထမအကျော့ ပဲရစ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အယ်လ်ဖွန်ဆို ဒေးဗီးစ်က လီယွန်နယ် မက်ဆီရဲ့ ရှပ်ကို ရအောင် တောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။