လာမယ့်ရာသီအစမှာတော့ ဘယ်အသင်းမှာ ကစားမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက လီဂူးဝမ်းချန်ပီယံတွေနဲ့ လီယွန်နယ် မက်ဆီရဲ့ စာချုပ်အခြေအနေကို အဖြေပေးခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပြီဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ အထင်ကြီးဖွယ်စတင်နိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားနဲ့အတူ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် ရွှေဘောလုံးဆုကို ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက်လည်း ယခုရာသီ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေက လီယွန်နယ် မက်ဆီအနေနဲ့ ကစားသမားဘဝ အမြင့်မားဆုံး အဆင့်အတန်းမှာ နောက်ထပ်နှစ်အနည်းငယ် ဆက်လက် ကစားနိုင်ဆဲဖြစ်တယ်ဆိုတာကို ပြသနေခဲ့တာဖြစ်ပေမယ့်လည်း လာမယ့်ရာသီအစမှာတော့ ဘယ်အသင်းမှာ ကစားမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။ အွန်ဂျေးစ်နဲ့ ကစားရမယ့် ပီအက်စ်ဂျီရဲ့ လီဂူးဝမ်းပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက "ဆွေးနွေးပြောဆိုမှုတွေ ရှိနေပါတယ်။ စီမံခန့်ခွဲမှုဌာနက လီယိုနဲ့ စာချုပ်သက်တမ်းတိုးဖို့ စကားပြောဆိုခဲ့ပါတယ်။ အဲဒါက ဘယ်အခြေအနေရောက်နေလဲဆိုတာ ကျွန်တော် မသိပါဘူး။ လီယိုက ပဲရစ်မှာ ရှိနေတာ ပျော်နေပုံပေါ်ပါတယ်"

"အဲဒီနောက်မှာ အသင်းရဲ့ စီမံကိန်းနဲ့ စပ်လျဉ်းပြီး သူ့ရဲ့ ရပ်တည်ချက်ကို ခင်ဗျား ကြည့်ရမှာပါ။ အဲဒါက ကျွန်တော် သူနဲ့ မဆွေးနွေးတဲ့ အကြောင်းအရာပါ"လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝ ၂၁ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တဲ့ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ယူဆချက်တွေက အမြဲတမ်းလိုလို ရှိနေခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းက အာဂျင်တီးနားကြယ်ပွင့်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီရဲ့ စာချုပ်ကို သက်တမ်းတိုးနိုင်ဖို့အတွက် နေမာကိုတောင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဂဲလ်တီယာက ဒီကိစ္စကို မက်ဆီနဲ့ မဆွေးနွေးခဲ့ဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က