ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် အနားယူရတော့မှာပါ။

ဝက်ဟမ်းစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လန်ဇီနီဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ တစ်ရာသီလုံးကို ဒူးဒဏ်ရာကြောင့် လွဲချော်ရတော့မယ်လို့ သိရပါတယ်။ လန်ဇီနီဟာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားဖို့ ရွေးချယ်ခံခဲ့ရပေမယ့် ဒဏ်ရာကြောင့် အသင်းလူစာရင်းက နှုတ်ထွက်ခဲ့ရသူ ဖြစ်ပါတယ်။

(၁၅)လကြာ အနားယူရတော့မယ့် လန်ဇီနီ

 

The Sun ရဲ့ ဖော်ပြချက်အရ လန်ဇီနီဟာ (၁၅)လခန့် အနားယူရမယ့်လို့ သိရပြီး ဒီနှစ်အတွင်းမှာ ဘယ်လိုမှပြန်လည်ကစားနိုင်မှာ မဟုတ်တော့တာလည်း ဖြစ်ပါတယ်။ လန်ဇီနီရဲ့ ဒဏ်ရာဟာ တော်တော်လေးပြင်းထန်မှုရှိတယ်လို့ ဆေးစစ်ဆေးမှုများအပြီးမှာ သိရှိခဲ့ရပြီး လပေါင်းများစွာ အနားယူရမယ့် အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင် ဒဏ်ရာရခဲ့သည့် လန်ဇီနီ

 

သတင်းများရဲ့ ဖော်ပြချက်အရ လန်ဇီနီဟာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မူလထင်မှတ်ထားတာထက် ဆိုးရွားတဲ့ ဒဏ်ရာဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီက အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ လန်ဇီနီဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)ပွဲကို ကစားခဲ့ပြီး သွင်းဂိုး (၅)ဂိုး၊ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

ကိုလံဘီယာကစားသမား ကွင်တဲရိုး

 

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြသစ် ပယ်လီဂရီနီကတော့ လန်ဇီနီရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစးသမားသစ် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကိုလံဘီယာအသင်းလက်ရွေးစင် ကွင်တဲရိုးကို ပယ်လီဂရီနီက ပစ်မှတ်ထားနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဝက်စ်ဟမ်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့လည်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

အာဂျင်တီးနား လေ့ကျင့်ရေးကွင်းမှ လန်ဇီနီ

 

လန်ဇီနီအတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ အနေအထားကို ရင်ဆိုင်လိုက်ရတာဖြစ်ပြီး ဘောလုံးကွင်းတွေနဲ့ လပေါင်းများစွာတိုင်အောင် ဝေးကွာနေတော့မှာလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းကတော့ အခြားသော ပစ်မှတ်ကစားသမားများအဖြစ် ဖိလစ်ပီအန်ဒါဆန်၊ ဂျော်န်ဒန်လူကာကူတို့ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က