လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ ကြိုးစားနေတာပါ။

ချယ်လ်ဆီးကလည်း ဆန်ချိုကို စိတ်ဝင်စားနေပေမယ့် နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုကတော့ ယူနိုက်တက်ကသာ လက်ဦးမှုရရှိနိုင်မယ့်အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို လာမယ့်နွေရာသီမှာခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကစားသမားရဲ့ အေးဂျင့်နဲ့ ပြီးခဲ့တဲ့ ၂လအတွင်းမှာ ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် အခက်အခဲတွေရှိခဲ့လို့ အရှိန်ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ဒေါ့မွန်နဲ့ ဆွေးနွေးမှုတွေ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေပြီး ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့လည်း Metro က ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားက တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူဖို့ ဦးစားပေးသတ်မှတ်ထားပြီး ညာတောင်ပံတိုက်စစ်အတွက် ရည်ရွယ်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးကလည်း ဆန်ချိုကို စိတ်ဝင်စားနေပေမယ့် နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုကတော့ ယူနိုက်တက်ကသာ လက်ဦးမှုရရှိနိုင်မယ့်အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ရိုမန်နိုကတော့ ယူနိုက်တက်ကို မက်ဂွိုင်းယားရောက်ရှိလိမ့်မယ်ဆိုတဲ့သတင်းကို ဖော်ပြခဲ့သူလည်းဖြစ်ပါတယ်။ 

"ယူနိုက်တက်က ဆန်ချိုရဲ့အေးဂျင့်နဲ့ ၂လလောက်ဆွေးနွေးပြီးသွားခဲ့ပါပြီ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေါ့မွန်နဲ့ အဆက်အသွယ်ပြုလုပ်ရတာ ခက်ခဲပေမယ့် ခေါ်ယူနိုင်ဖို့အတွက်တော့ ယူနိုက်တက်က ယုံကြည်နေပါတယ်" လို့ ရိုမန်နိုက သူ့ရဲ့အင်စတာဂရမ်ကတဆင့် Live လွှင့်ပြီး ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ 

Share

Loading Next Article...
က္က