နောက်ဆုံးပေါ် iPhone ဝယ်ယူဖို့ပိုက်ဆံတွေကိုသုံးလိုက်တာထက် အတွေ့အကြုံ ခံစားမှုတွေအတွက် ငွေကုန်ကြေးကျခံလိုက်တာက ပိုကောင်းပါတယ်

တကယ်လို့သင့်အနေနဲ့ ပျော်ရွှင်မှုကို ဝယ်ယူဖို့ကြိုးစားနေတယ်ဆိုရင် သိပ္ပံပညာရှင်တွေ ရှင်းရှင်းလင်းလင်းအကြံပြုထား တာတစ်ခုရှိပါတယ်။ အဲဒါကတော့ နောက်ဆုံးပေါ် iPhone ဝယ်ယူဖို့ပိုက်ဆံတွေကိုသုံးလိုက်တာထက် အတွေ့အကြုံ ခံစားမှုတွေအတွက် ငွေကုန်ကြေးကျခံလိုက်တာက ပိုကောင်းတယ်ဆိုတာပါပဲ။ သုတေသနရလဒ်အသစ်တွေအရဆိုရင် လက်ဆောင်ပေးတဲ့နေရာမှာလည်း ဒီသဘောတရားဟာမှန်ကန်တာကိုတွေ့ရပါတယ်။ တကယ်လို့သင့်ရည်ရွယ်ချက်က လက်ဆောင်ရရှိသူကိုပျော်ရွှင်စေဖို့အတွက်ဆိုရင် အတွေ့အကြုံခံစားမှုတွေကိုပေးတာက သင့်ရည်ရွယ်ချက်ပြည့်မြောက်ဖို့ ပိုပြီးအလားအလာရှိပါတယ်။ ဒါဆိုရင် လက်ဆောင်အများစုက ဘာလို့ သေတ္တာပုံးတွေနဲ့ဖြစ်နေတာလဲ ?

ကိုယ့်အတွက်ကိုယ်ဝယ်တာပဲဖြစ်ဖြစ်၊ တခြားသူကိုလက်ဆောင်ပေးတာပဲဖြစ်ဖြစ် အတွေ့အကြုံခံစားမှုတွေက လူတွေကို ပိုပြီးပျော်ရွှင်စေရတဲ့အကြောင်းပြချက်တွေတစ်ခုထက်မကရှိပါတယ်။ အဲဒီအချက်တွေထဲကမှတစ်ခုကတော့ သုတေသန ပညာရှင်တွေက ရိုးအီသွားမှု လို့ခေါ်တဲ့အချက်ပါပဲ။ ပစ္စည်းအသစ်အဆန်းတစ်ခုရလာတဲ့အခါ စက္ကန့်ပိုင်းလောက်ပဲဖြစ်ဖြစ်၊ ရက်နဲ့ချီပြီးတော့ပဲဖြစ်ဖြစ် ခံစားရတဲ့စိတ်လှုပ်ရှားမှုဟာ အလွယ်တကူပဲမှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။

" ကျွန်တော်တို့ဟာ လက်ဆောင်အဖြစ်ရရှိတဲ့ အရာဝတ္ထုပစ္စည်းတွေကို အလွယ်တကူပဲရိုးအီကျင့်သားရသွားတတ်  ပါတယ် " လို့ အတွေ့အကြုံခံစားမှုတွေကိုလက်ဆောင်အဖြစ်ပေးခြင်းရဲ့အကျိုးသက်ရောက်မှုကိုလေ့လာနေတဲ့ ဝါရှင်တန်တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဂျိုးဆက်ပ်ဂွတ်မန်း ကပြောပါတယ်။ " အတွေ့အကြုံခံစားမှုတွေကတော့ အစပိုင်းမှာပိုပြီးစိတ်လှုပ်ရှားရသလို အချိန်ကြာတဲ့အထိရိုးအီမသွားတတ်တာကိုတွေ့ရပါတယ် "

အတွေ့အကြုံခံစားမှုတွေဟာ တစ်ခုချင်းစီအလိုက်ထူးခြားမှုကိုယ်စီရှိနေတာကြောင့် အခြားအရာတစ်ခုခုနဲ့ တန်ဖိုးနှိုင်းယှဉ် ဆုံးဖြတ်ဖို့လည်းခက်လှပါတယ်။ ဥပမာ လူတစ်ယောက်ကို နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးလက်ဆောင်ပေးလိုက်မယ် ဆိုရင် အဲဒီစမတ်ဖုန်းကို တခြားဖုန်းတစ်ခုခုနဲ့ အလွယ်တကူနှိုင်းယှဉ်လို့ရနေပြီး မကြာခင်မှာ ပိုပြီးခေတ်မီတဲ့စမတ်ဖုန်း အသစ်တစ်လုံးလည်းထပ်ထွက်လာဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ်းခြေကိုအပန်းဖြေခရီးသွားခွင့် ကိုပေးမယ်ဆိုရင်တော့ အဲဒီကနေရရှိလာတဲ့ ပျော်ရွှင်မှုကိုတခြားခံစားမှုအတွေ့အကြုံတစ်ခုခုနဲ့ တန်ဖိုးချင်းနှိုင်းယှဉ်ဖို့ ခက်ခဲမှာပါ။


ပိုပြီးအရေးကြီးတဲ့နောက်တစ်ချက်ကတော့ အတွေ့အကြုံခံစားမှုတွေက ရင်းနှီးနွေးထွေးတဲ့ပေါင်းသင်းဆက်ဆံရေးကို ပေးစွမ်းနိုင်တာပါပဲ။ ဥပမာ လူတစ်ယောက်ကို သင်္ကြန်မဏ္ဍပ်ထိုင်ဖို့ လက်မှတ်ပေးမယ်ဆိုရင် သင်ကိုယ်တိုင်အတွက်ပါ တစ်စောင်ဝယ်ပြီးနှစ်ယောက်အတူတူ ပျော်ရွှင်တဲ့အတွေ့အကြုံကိုခံစားနိုင်မှာဖြစ်တာကြောင့် ပစ္စည်းတစ်ခုခု လက်ဆောင်ပေးတာထက်ပိုတဲ့ ရင်းနှီးနွေးထွေးမှုကို ရရှိမှာပါ။ ဒါပေမဲ့ အဲဒီအချက်ကြောင့်ပဲ အတွေ့အကြုံခံစားမှုတွေကို လက်ဆောင်ပေးရတာက ပိုပြီးခက်ပါတယ်။ လူတစ်ယောက်ကို အတွေ့အကြုံခံစားမှုတစ်ခု လက်ဆောင်ပေးဖို့အတွက် အဲဒီလူရဲ့အကြိုက်နဲ့ သူ့အကြောင်းကိုကောင်းကောင်းသိနေဖို့လိုအပ်ပါတယ်။ ဒါမှသာသူ့အကြိုက်နဲ့ကိုက်ညီတဲ့ အတွေ့အကြုံခံစားမှုကိုပေးနိုင်မှာဖြစ်ပါတယ်။

လူတစ်ယောက်က သီချင်းတွေနားထောင်ရတာနှစ်သက်မှန်းသိပေမယ့် ဘယ်အဆိုတော်တွေ၊ဘယ်လိုသီချင်းတွေ ကြိုက်တတ်မှန်းမသိရင် သူ့ကို ဘယ် Show ပွဲလက်မှတ်လက်ဆောင်ပေးရမှန်းသိမှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ လူတော်တော်များများက မကြိုက်ရင်တောင်တစ်နည်းနည်းနဲ့အသုံးချလို့ရတဲ့ အရာဝတ္ထု၊ပစ္စည်းတွေကိုလက်ဆောင်ပေးဖို့ ပဲရွေးချယ်ကြတာပါ။

ဒ့ါအပြင် လက်ဆောင်လို့ပြောလိုက်တာနဲ့ အများစုကပစ္စည်းတွေကိုပဲပြေးမြင်မိတတ်တာကြောင့် အတွေ့အကြုံခံစားမှုတွေ ကိုလက်ဆောင်အဖြစ်ပေးတာက လူအများစုမျှော်လင့်ထားတဲ့စံနှုန်းတွေနဲ့မကိုက်ညီဘဲ ကြောင်တောင်တောင်ဖြစ်နေနိုင် တာမျိုးလည်းရှိပါသေးတယ်။ ဒါပေမယ့် လူတစ်ယောက်အကြောင်းကိုသေသေချာချာသိတယ်ဆိုရင်တော့ သူ့အတွက် အတွေ့အကြုံခံစားမှုတစ်ခုခုကိုလက်ဆောင်အဖြစ်ပေးအပ်တာက အကောင်းဆုံးပါပဲ။

သုတေသနတွေအရ အတွေ့အကြုံခံစားမှုတွေကိုပေးအပ်တာက ပျော်ရွှင်မှုကိုပိုခံစားရတယ်ဆိုတာကို တွေ့ရှိရပြီးတဲ့ နောက်မှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ဈေးကွက်ထဲမှာ မေတ္တာလက်ဆောင်ပေးတဲ့နေရာမှာ ကုန်ပစ္စည်းတွေကို ပေးမယ့်အစား သူတို့ရဲ့ဝန်ဆောင်မှုတွေကို ခံစားသိရှိနိုင်မယ့် အတွေ့အကြုံခံစားမှုတွေကိုပေးအပ်ဖို့လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့အရည်အသွေးတွေနဲ့စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့မျိုးဆက်သစ်တစ်ရပ်ရှိနေပါတယ်။ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပါ်ထွက်လာစေဖို့အတွက်အားပေးကူညီသွားဖိုဆုံးဖြတ်ထားပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal ကစိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။www.chivas.com ကိုဝင်ရောက်ပြီးတော့ဆက်လက်လေ့လာဖတ်ရှု့နိုင်ပါတယ်။

Share

Loading Next Article...
က္က