(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားမှာပြောကြားခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ကျေနပ်မှာမဟုတ်ဘူးလို့ ဒီကနေ့ ဇန်နဝါရီလ (၁၀)ရက်နေ့က့ပြုလုပ်တဲ့(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားရင်းနဲ့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

photo- Myanmar State Counsellor Office



လက်ရှိအစိုးရအနေနဲ့ နိုင်ငံအတွက် တက်နိုင်သမျှ တာဝန်ကျေပွန်အောင် ထမ်းဆောင်လျှက်ရှိပြီး လုပ်ဆောင်ချက်တွေကိုတော့ ကျေနပ်မှာမဟုတ်ဘူးလို့ပြောကြားခဲ့တာပါ။

“ ကျွန်မတို့လုပ်ရပ် တွေနဲ့ ပတ်သက်လို့ ကျေနပ်သလားလို့ ဆိုတာကတော့ မကျေနပ်ပါဘူး။ ဘယ်တော့မှလည်း မကျေနပ်နိုင်ဘူး။ နိုင်ငံအတွက်လုပ်စရာတွေက အများကြီးပဲ။ ကျေနပ်ပြီ၊ ပြီးပြီ၊ လုံလောက်ပြီဆိုတာ ဘယ်တော့မှမရှိပါဘူး။ ကျေနပ်ပြီဆိုတဲ့ အဓိပ္ပာယ်က ကိုယ်စိတ်အေးချမ်းဖို့အတွက်တော့ကောင်းပါတယ်။ ဒါပေမယ့် ဝီရိယနည်းသွားမယ်ဆိုရင်မကောင်းပါဘူး။ ဒါကြောင့်မလို့ ကျွန်မတို့က တစ်နေ့ပြီးပြီဆိုရင် နောက်တစ်နေ့အတွက်ကြိုးစားပါ။ ဒီနေ့အတွက်တော့ ကျေနပ်နိုင်မယ်၊ နောက်တစ်နေ့အတွက် ကျေနပ်မှုရဖို့ ကြိုးစားပါအုံးမယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

photo- Myanmar State Counsellor Office

ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အားလုံးပါဝင်ကြဖို့နဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အဖွဲ့အစည်းများ၊ အင်အားစုများအားလုံးဟာလည်း တက်ညီလက်ညီနဲ့ ရှေ့ကိုသွားဖို့ အင်မတန်မှအရေးကြီးတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာထူထောင်နိုင်ခဲ့သလို မြန်မာနိုင်ငံက တကယ့်ပြည်ထောင်စုကြီး ဖြစ်ပြီလားဆိုတာကတော့ တစ်ဦးချင်းစဉ်းစားဖို့လိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ဘာသာပေါင်းစုံနဲ့ တိုင်းရင်းသားအများစုနေထိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီး တစ်ပတ်အတွင်းမှာပဲ ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့တာပါ။ အခုဆိုရင် ကချင်ပြည်နယ်နေ့အဖြစ် (၇၂)နှစ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ဒီကနေ့ (၇၂)နှစ်မြောက်အခမ်းအနားကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က