ဖြိုးငွေစိုး ဟာ အရမ်းကိုရိုးသားလွန်းတဲ့ သူငယ်ချင်းသက်မွန်မြင့်က လက်သီးပြင်းတယ်၊ အရစ်သန်တယ်ဆိုတဲ့ အကြောင်းတွေကိုသဘောကျရယ်မောရင်းပြောပြလာပါတယ်။ ၁၇ နှစ်တာ သူငယ်ချင်းအဖြစ် အမှတ်တရတွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။
Photo: Phyo Ngwe Soe
ဖြိုးငွေစိုးက သူငယ်ချင်းဖြစ်သူ သက်မွန်မြင့်အကြောင်းတွေ ပြောပြလာပါတယ်။ တိုင်းရင်းသူတစ်ယောက်ဖြစ်တာကြောင့်လည်း သက်မွန်ရဲ့ စိတ်ဓာတ်လေးက အရမ်းကို ရိုးသားတယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ တိုင်းရင်းသူ ဖြစ်တာကြောင့်ရယ်၊ ပြီးတော့ သူ့စိတ်ကိုက ခပ်ရိုးရိုး ခပ်ရှင်းရှင်း။ တစ်ခါတလေကျရင် ရိုးလွန်းအားကြီးလို့ အပြည့်မှ ဟုတ်ရဲ့လားလို့တောင် ထင်ရတယ်။ ဒါပေမယ့် သူက ခင်ဖို့ကောင်းပါတယ်။ သူများအတွက်ဆိုရင်လည်း အရမ်းနားလည်ပေးတတ်တယ်။ တခြားလူအတွက်ဆိုရင် သူက အမြဲကြိုတွေးထားပေးတတ်တယ်။ သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားမလားဆိုတာကို ကြိုတွေးထားတတ်သူ။ပြီးတော့ သူများထက်လည်း ပိုပြီးတော့ စိတ်အပင်ပန်းခံတတ်တဲ့သူဆိုတော့ တစ်ခါတလေမှာ သူငယ်ချင်းလိုဖြစ်ပြီး တစ်ခါတလေမှာ ညီမလိုပါပဲ’’ လို့ သူကဆိုပါတယ်။
Photo: Phyo Ngwe Soe
ဖြိုးငွေစိုးနဲ့ သက်မွန်မြင့်တို့ရဲ့ ခင်မင်မှုသက်တမ်း ၁၇ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ဒီ ၁၇ နှစ်အတွင်းမှာ ကြုံခဲ့ရတဲ့ သက်မွန်မြင့်ရဲ့ အကျင့်စရိုက်လေးတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။
‘’ ကျွန်တော့် သူငယ်ချင်းက လူက နည်းနည်းလေးဝပြီးတော့ လက်သီးလေးပြင်းပြီးတော့ အရပ်က ကလန်ကလားဖြစ်နေတာကလွဲရင် ကျန်တာအကုန်ကောင်းပါတယ်။ စိတ်လေးကလည်း အဲဒီလိုပဲ မထင်ရင် မထင်သလို ပြဿနာရှာတတ်ပြီးတော့ တွေ့ရင် တွေ့တဲ့သူကို ရစ်တတ်တာကလွဲရင် ကျန်တဲ့စိတ်ထားလေးကလည်း အကုန်ကောင်းပါတယ်။ ကျွန်တော်နဲ့ သူနဲ့ခင်တာက ၂၀၀၂ လောက်ကတည်းက ဖြစ်မယ်ထင်တယ်’’ ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့က သက်မွန်မြင့်ရဲ့ Fan Meeting ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Phyo Ngwe Soe
အရပ်အမောင်းမြင့်မြင့် နဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်အဖြစ် သက်မွန်မြင့်ကို စတင်တွေ့ဆုံခဲ့တယ်လို့ ဖြိုးငွေစိုးက ပြောပါတယ်။ အခုချိန်မှာတော့ ရင့်ကျက်တဲ့ ကောင်မလေး တစ်ယောက်ဖြစ်သွားပြီလို့ ဆိုပါတယ်။
‘’ သူ့ကိုစတွေ့တဲ့အချိန်တုန်းက ကျန်တာတွေ ခဏထားဦး။ ဟက်ကက်တို့၊ ကျွန်တော်တို့ စိုင်းစိုင်းတို့တောင်မှ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီစော်လေး မိုက်တယ်လို့တောင်ဖြစ်သွားတယ်လေ။သူကလေ တဖြည်းဖြည်း ဒီအလုပ်နဲ့ အသားကျလာတာနဲ့အမျှ သူ့ကိုကြည့်ရတဲ့ ပုံစံက ပြောင်းလာတယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ မော်ဒယ်လုပ်နေကြပြီ။ ကျွန်တော်တို့အားလုံး သူ့ကိုကြည့်လိုက်တာနဲ့ ကြွေပြီ အပြင်မှာ မတွေ့သေးလို့ပေါ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
Photo: Phyo Ngwe Soe
သက်မွန်မြင့်နဲ့ ဖြိုးငွေစိုး တို့ရဲ့ အနုပညာခရီးကတော့ နှစ် ၂၀ ကျော်အချိန်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူတို့ဟာ Music Video များစွာတို့မှာ အတူတူတွဲသရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။
Share