လက်ကျန် ၁၀စလုံးမန်စီးတီးနိုင်ရင်တောင် လီဗာပူး ၂ ပွဲနိုင်ရုံနဲ့ တစ်မှတ်အသာနဲ့ ဆုဖလားရယူနိုင်တော့မှာပါ။
မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်း ရှုံးနိမ့်သွားလို့ လီဗာပူးအတွက် ချန်ပီယံဖြစ်ဖို့ ရမှတ်လိုအပ်ချက် ပိုနည်းသွားခဲ့ပြီး လက်ရှိမှာတော့ နောက်ထပ် ၆ မှတ်သာ စုဆောင်းနိုင်ဖို့ လိုပါတော့တယ်။
၃၈ပွဲကစားရမယ့် လိဂ်ပြိုင်ပွဲမှာ လီဗာပူးက ၂၉ ပွဲကစား ၈၂မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေရာမှာ လက်ကျန် ၉ပွဲသာ ကစားဖို့ ကျန်တော့ တာပါ။
မန်စီးတီးကတော့ ၂၈ပွဲကစားအပြီး ရမှတ်က ၅၇မှတ်သာရှိထားလို့ လက်ကျန် ၁၀ပွဲမှာအမှတ် ၃၀ အပြည့်ရသည့်တိုင် ရမှတ်က ၈၇မှတ်သာ ရှိနေဦးမှာပါ။
ဒါကြောင့် လီဗာပူးအနေနဲ့ လက်ရှိ ၈၂မှတ်ကနေ နောက်ထပ် ၆မှတ်သာ ရယူနိုင်မယ်ဆိုပါက မန်စီးတီး ၁၀ ပွဲကစားရင် ရမယ့် စုစုပေါင်းရမှတ် ၈၇မှတ်ထက် ၁ မှတ်အသာရနေဦးမှာ ဖြစ်ပါတယ်။
မန်စီးတီးအတွက်ကတော့ လက်ရှိ ၂ထပ်ကွမ်း လိဂ်ချန်ပီယံဆုကြီးကို ကာကွယ်နိုင်ဖို့ အင်မတန်မှ ခက်ခဲသွားခဲ့ရပြီ ဖြစ်ပါတယ်။
လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်အရ မီနေပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ငွေကြေး အရှုပ်တော်ပုံ ပြစ်ဒဏ်ကြောင့် ဥရောပပွဲကနေ ၂ နှစ်ပွဲပယ်ခံရဖို့ကလည်း ရင်ဆိုင်နေရပါ တယ်။
လီဗာပူးအတွက် ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုပါက ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်ခွင့်ရမှာ ဖြစ်သလို နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်ခွင့်ရလာမှာပါ။