ဝင်ဘလေနဲ့ စိန့်ဂျော့ပတ်ခ်တို့မှာ ကျင်းပဖို့ ကမ်းလှမ်းထားပါတယ်။

ပုံမှန်ကစားနေကျ အိမ်ကွင်းတွေမှာကစားမယ်ဆိုပါက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုအချို့ရှိနေမှာဖြစ်လို့ မဖြစ်နိုင်ဘူးလို့ ယူဆမှုတွေ ရှိနေပါတယ်။ 


ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို အပြီးသတ်ကစားဖို့အတွက် စီစဉ်နေရာမှာ လက်ကျန်ပွဲတွေကို ကြားကွင်းတွေမှာ တံခါးပိတ်ကျင်းပသွားဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က တောင်းဆိုထားတယ်လို့ သိရပါတယ်။ ပုံမှန်ကစားနေကျ အိမ်ကွင်းတွေမှာကစားမယ်ဆိုပါက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုအချို့ရှိနေမှာဖြစ်လို့ မဖြစ်နိုင်ဘူးလို့ ယူဆမှုတွေ ရှိနေပါတယ်။ 

အသင်းဝန်ထမ်းတွေ၊ ရိုက်ကူးရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ခရီးသွားလာရေးမှာ အနိမ့်ဆုံးဖြစ်နေစေဖို့အတွက် အင်္ဂလန်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ လက်ခံကျင်းပသွားဖို့အတွက်လည်းရှိနေတယ်လို့ သိရပါတယ်။ အက်ဖ်အေကတော့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲတွေကျင်းပရာ ဝင်ဘလေနဲ့ စိန့်ဂျော့ပတ်ခ်ကွင်းတွေကို အသုံးပြုဖို့အတွက် ကမ်းလှမ်းထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် ပွဲအများအပြားကို တစ်ရက်တည်းမှာပဲ ဘောလုံးကွင်းတစ်ကွင်းထဲမှာ ကစားစေမှာဖြစ်ပါတယ်။ ကလပ်အသင်းတွေရဲ့ ကိုယ်ပိုင်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ်ဆိုပါက အသင်းပရိသတ်တွေ ကွင်းထဲဝင်ရောက်လာမယ့်အပေါ်မှာ စိုးရိမ်နေပြီး ဒီအပေါ်မှာ ဟန့်တားပေးမယ့် ရဲတပ်ဖွဲ့အင်အားကလည်း အလုံအလောက်မရှိဘူးလို့ သိရပါတယ်။ 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ လက်ကျန်ဘောလုံးရာသီကို ပြီးဆုံးအောင်ကစားသွားမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ အဓိကအားဖြင့် ရုပ်သံထုတ်လွှင့်မှုပိုင်းစာချုပ်ကြောင့် နစ်နာဆုံးရှုံးမှုအများအပြားနဲ့ ရင်ဆိုင်ရမယ့်အရေးကို ရှောင်လွှဲချင်နေတာဖြစ်ပြီး လက်ကျန်ပွဲတွေ ကစားနိုင်ခဲ့မယ်ဆိုပါက မူလစာချုပ်အတိုင်းသာရှိနေမယ်လို့ ယူဆနေပါတယ်။ 

ဒီတစ်ပတ်အတွင်းမှာပဲ ဘုတ်အဖွဲ့အစည်းအဝေးကို ထပ်မံကျင်းပသွားမယ်လို့ သိရကာ မတူကွဲပြားတဲ့ အစီအစဉ် ၅ ခုကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ သေချာပေါက်ပြန်လည်ကစားမှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ ပြန်လည်စတင်နိုင်မယ့် နေ့ရက်အတိအကျကိုတောင် မသိရသေးတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က