မြန်မာငွေ ၁၅ သိန်းဈေးနဲ့စတင်ရောင်းချသွားမယ့် OnePlus TV ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ရိုးရှင်းသပ်ရပ်တဲ့ ဒီဇိုင်းနဲ့ဘေးဘောင်မရှိသလောက်နီးပါး bezel-less screen သုံးထားတဲ့ OnePlus TV ဟာ မှန်ပြင်နဲ့ကိုယ်ထည်နေရာယူမှုမှာ ၉၅.၇% အထိ ရှိပါတယ်။ Dolby Vision နဲ့HDR10+ ပံ့ပိုးပေးထားတဲ့ ဒီ TV ဟာ ကာလာ range အရ QLED TV တွေထဲမှာ အကောင်းဆုံးတန်းဝင် စမတ်တီဗွီတစ်လုံး ဖြစ်တယ်လို့ကုမ္ပဏီက အာမခံထားပါတယ်။
OnePlus TV ဟာ 50watt စပီကာရှစ်လုံးတပ်ထားပြီး Dolby Atmos ပတ်လည်အသံနည်းပညာ ပါဝင်ပါတယ်။ mechanism နည်းပညာ သုံးထားတဲ့ Sound Bar ဟာ TV ထဲကနေ အလိုအလျောက် အသွင်းအထုတ်လုပ်နိုင်ပြီး စပီကာသုံးစရာမလိုတာနဲ့TV ကိုယ်ထည်ထဲ ပြန်ဝင်သွားမှာပါ။ Sound Bar အပြည့်ထုတ်ဖို့၇.၂ စက္ကန့်ကြာမှာပါ။
OnePlus ဟာ TV Q1 နဲ့TV Q1 Pro ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ထုတ်ထားတာပါ။ OnePlus TV Q1 serieis ဟာ OnePlus ဖုန်းတွေနဲ့ချိတ်ဆက်နိုင်ဖို့အတွက် Android TV ဆော့ဖ်ဝဲလ် သုံးထားပြီး Google Assistant နဲ့Alexa အသံအကူနည်းပညာ ၂ မျိုးစလုံးနဲ့အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ functions အများစုကိုတော့ ဖုန်းမှာ ပါတဲ့ Google Assistant ဖြစ်စေ remote control ဖြစ်စေ သုံးပြီး ထိန်းချုပ်လုပ်ဆောင်နိုင်မှာပါ။
Photo: soyacincau
OnePlus TV တွေနဲ့ချိတ်ဆက်နိုင်မယ့် OnePlus Connect app လည်း ထွက်ထားပြီး ဒီ app ကနေ တစ်ဆင့် ကိုယ့်ဖုန်းပေါ်က Andriod TV apps တွေ ပြောင်းနိုင်မှာပါ။ တကယ်လို့ကိုယ်ကြည့်ချင်တဲ့ channel ကို အသံနဲ့ရှာလို့မတွေ့ရင်လည်း ဖုန်း keyboard သုံးပြီး ရိုက်ရှာကြည့်နိုင်မယ်လိုု့ဆိုပါတယ်။ တကယ်လို့တီဗွီကြည့်ရင်းနဲ့ဖုန်းလာမယ်ဆိုရင် OnePlusTV ဟာ အသံကို အလိုအလျောက်လျှော့ပေးသွားမှာပါ။
ဒီစမတ်တီဗွီတွေအတွက်က OnePlus ဟာ Android updates ကို ၃ နှစ်အထိ support ပေးသွားမှာ ဖြစ်ပြီး အိန္ဒိယဈေးကွက်မှာ အရင်ဆုံး ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ ဈေးနှုန်းအနေနဲ့TV Q1 မော်ဒယ်ကို ရူပီး ၆၉၉၀၀ ( မြန်မာငွေ ၁၅ သိန်းခန့်) နဲ့TV Q1 Pro ကို ရူပီး ၉၉၉၀၀ ( မြန်မာငွေ ၂၁ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။