တရုတ်အာကာသယာဉ်မှူးတွေဟာ လပေါ်မှာ ပထမဆုံး အပင်စိုက်နိုင်သူတွေ ဖြစ်လာခဲ့ပြီး စိုက်ခဲ့တဲ့ အပင်ကတော့ ဝါပင်ဖြစ်တယ်လို့တရုတ်အာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
Photo: SpaceNews
တရုတ်မှ Chang'e-4 ဟာ ကမ္ဘာမျက်နှာမှုရာရဲ့ ဝေးရာ လအခြမ်းဘက်ကို ဇန်နဝါရီ ၃ ရက်နေ့က ရှာဖွေဆင်းသက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ Chang'e 4 ဟာ သူတို့ဆင်းသက်ရာ လမျက်နှာပြင်ရဲ့ ပထဝီအနေအထားကို ခွဲခြမ်းလေ့လာဖို့ကိရိယာတွေလည်း သယ်ဆောင်ခဲ့သလို ဝါစေ့ ၊ အာလူးစေ့ ၊ တစေတွေပါဝင်တဲ့ မြေကန်တစ်ခု သယ်သွားခဲ့တာပါ။ အပင်တွေကို လဆင်းယာဉ်ပေါ်က အလုံပိတ် ကွန်တိန်နာဗူးတစ်ခုထဲ ထည့်သွင်းပြီး အပင်ပေါက်နိုင်စေဖို့ ကိုယ်တိုင်ရှင်သန်စေနိုင်တဲ့ ပတ်ဝန်းကျင်ပါဝင်တဲ့ အသေးစား ဇီဝမှန်လုံအိမ်အတု ဖန်တီးပေးထားခဲ့တာ ဖြစ်ပါတယ်။
Chang'e 4 လဆင်းယာဉ်မှာ ပါတဲ့ အသေးစား ဇီဝလှောင်အိမ်မှာ အလင်းမှီအစာစုဖွဲ့ခြင်း နဲ့သက်ရှိများ အသက်ရှုနေနိုင်စေဖို့ဒီဇိုင်းထုတ်ထားပါတယ်။ တရုတ်တက္ကသိုလ် ၂၈ ခုကနေ ဒီဇိုင်းထုတ်ထားတဲ့ ဒီဇီဝလှောင်အိမ်ထဲမှာ ၁၈ စင်တီမီတာ ရှည်လျားပြီး ၃ ကီလိုဂရမ်လေးတဲ့ သေတ္တာငယ်တစ်ခု ပါရှိပါတယ်။
ဒီသေတ္တာထဲက သက်ရှိမျိုးစေ့တွေ ရှင်သန်နိုင်ဖို့လေ ၊ ရေနဲ့အာဟာရဓါတ်တွေ ပေးထားတာပါ။ လပေါ်မှာ သစ်ပေါ်စိုက်ဖို့အဓိက အခက်အခဲက လကမ္ဘာရဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်အပြောင်းအလဲပဲ ဖြစ်တယ်လို့တရုတ်သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လကမ္ဘာပေါ်မှာ အပူချိန်ဟာ အနုတ် ၁၇၃ ဒီဂရီ စင်တီဂရိတ်ကနေ ၁၀၀ ဒီဂရီစင်တီဂရိတ်နဲ့အထက်အထိ အပူချိန်ပြင်းထန်နေတာပါ။
အပင်စိုက်ဖို့အတွက် ဒီအပူချိန်ကို ထိန်းညှိပေးထားတဲ့ အပြင် စိုထိုင်းဆနဲ့လိုအပ်တဲ့ အာဟာရတွေလည်း ထိန်းချုပ်ပေးထားရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုန်ဲ့ပတ်သက်ပြီး တစ်ချို့က သိပ္ပံစမ်းသပ်ချက်တွေကြောင့် လကမ္ဘာညစ်ညမ်းမှု ဖြစ်နိုင်မလား မေးခွန်းတွေ ရှိထားပေမယ့် ယေဘုယျအားဖြင့်တော့ စိုးရိမ်စရာ သိပ်မရှိဘူးလို့သိပ္ပံပညာရှင်များက တွက်ဆထားပါတယ်။ နောက်တစ်ချက်ကလည်း Apollo အာကာသယာဉ်မှူးတွေ လပေါ် ဆင်းသက်ထားတဲ့ လူစွန့်ပစ် အညစ်အကြေးတွေထက်စာရင် ဒါက တော်သေးတယ်လို့ဆိုရမှာပါ။
ဇန်နဝါရီ ၁၅ ရက် အင်္ဂါနေ့မှာတော့ တရုတ်နိုင်ငံပိုင်မီဒယာမှ စိုက်ထားတဲ့ ဝါစေ့တွေ လကမ္ဘာပေါ်မှာ အစို့အညှောင့်ထွက်လာပြီလို့ကြေငြာပါတယ်။ လပေါ်မှာ အပင်စိုက်နိုင်တဲ့ အဖြစ်ဟာ ဒီတစ်ကြိမ် ပထမဆုံး ဖြစ်ပြီး အရင်က နိုင်ငံတကာ အာကာသစခန်းတွေမှာပဲ အပင်စိုက်ပျိုးနိုင်ခဲ့တာပါ။ လပေါ်မှာ သစ်ပင်စိုက်နိုင်ခြင်းဟာ နောက်ထပ် နှစ်နှစ်ခွဲကြာမြင့်မယ့် အင်္ဂါဂြိုလ်ခရီးစဉ်လိုမျိုး ရေရှည်အာကာသမစ်ရှင်တွေအတွက် အရေးပါတဲ့ ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။
Photo: BBC
တစ်နည်းအားဖြင့် သိပ္ပံသုတေသနတွေလုပ်နေတဲ့ အာကာသယာဉ်မှူးတွေအနေနဲ့အာကာသမှာ ကိုယ်ပိုင် အစားအသောက်ဖန်တီး စိုက်ပျိုးနိုင်တာကြောင့် ရိက္ခာကိစ္စနဲ့ကမ္ဘာပေါ် ပြန်ဆင်းလာစရာ လိုတော့မှာ မဟုတ်ပါဘူး။