ဗီလာနဲ့ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာ‌ပါ။

ဗီလာနဲ့ပွဲမှာရခဲ့တဲ့ လက်မောင်းရိုး ဒဏ်ရာကို ဆေးကုပြီး ပွဲပြီးတဲ့အထိ ဆက်ကစားခဲ့ပေမယ့် နောက်တစ်နေ့မှာတော့ ခွဲစိတ်ဖို့ သတင်းထွက်လာခဲ့တာပါ။

Image result for son heung min



ဗီလာနဲ့ပွဲမှာရခဲ့တဲ့ လက်မောင်းရိုးကျိုးဒဏ်ရာကြောင့် ဆွန်ဟောင်မင် ၆ပတ်အနည်းဆုံးနားရမယ်လို့ BBC SPORT သတင်းဌာနက ပြန်လည်ဖော်ပြလာပါတယ်။

ဒီသတင်းကိုတော့ စပါးအသင်းရဲ့ ကိုယ်ပိုင် သတင်းထောက် ဂျိုနသန်က သူ့ရဲ့ တွစ်တာအကောင့်ကတဆင့် ဖော်ပြ လာတာ ဖြစ်တယ်လို့ BBC SPORTက ဆိုပါတယ်။

Image result for son heung min

ဆွန်ကတော့ ဗီလာကို ၃-၂ နဲ့ နိုင်တဲ့ပွဲမှာ တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ပွဲချိန်အတွင်း လက်မောင်း ဒဏ်ရာရရှိခဲ့သည့်တိုင် ဆေးကုပြီး ဆက်လက်ကစားခဲ့သူပါ။

ဒါပေမယ့်လည်း ပွဲအပြီး နောက်တစ်ရက်မှာပဲ ဆွန်ဟောင်မင် လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့တယ်လို့ စပါး အသင်းက သတင်းထုတ်ပြန်လာပြီး နည်းပြ မော်ရင်ဟိုကတော့ ရာသီကုန်ထိ လက်လွှတ်ရဖို့ ရှိနေတယ်လို့ ကနဦး ပြောခဲ့ပါတယ်။

Image result for son heung min

လက်ရှိမှာလည်း ရာသီကုန်ဖို့ လိဂ် ၁၂ ပွဲကစားဖို့ ရှိနေသေးပြီး ပြန်လည်သန်စွမ်းရေး ကုသရမယ့် အချိန်နဲ့ ပေါင်း ရင် ရာသီကုန်ဖို့ သိပ်မကျန်တော့တာ ဖြစ်ပါတယ်။

ဆွန်ရဲ့ ဒဏ်ရာက ကိန်းမရှိတဲ့ စပါးအတွက် နောက်ထပ် ထိုးနှက်ချက် ဖြစ်လာစေခဲ့ပြီး ဆွန်ကတော့ စပါးအတွက် ကစားသမားဘဝ ၅ နှစ်အတွင်း လိဂ်သွင်းဂိုး ၅၁ ဂိုးထိသွင်းယူပေးထားပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က