ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ကင်းကွာနေတဲ့ နှင်းဆီအဖွဲ့သားတွေဟာ ပရိသတ်တွေရှေ့မှောက်သို့"နှင်းဆီပုဝါခြုံတဲ့လက်" ဆိုတဲ့ ဖျော်ဖြေပွဲနဲ့အတူ ပြန်လည်ရောက်ရှိလာတော့မှာပါ။
ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ကင်းကွာနေတဲ့ နှင်းဆီအဖွဲ့သားတွေဟာ ပရိသတ်တွေ ရှေ့မှောက် ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ “နှင်းဆီပုဝါခြုံတဲ့လက်” ဖျော်ဖြေပွဲကို ဇန်နဝါရီ(၁၁) ရက်နေ့နဲ့ (၁၂) ရက်နေ့တို့မှာ ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ည(၇)နာရီအချိန်တွေ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမတိုင်ခင်မှာ နှင်းဆီအငြိမ့်မှာ ပါဝင်တဲ့ နှင်းဆီအဖွဲ့သားတွေကိုယ်တိုင် ပရိသတ်များနဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးသွားမယ့် အစီအစဉ်ကို တော်ဝင်စင်တာမှာ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
“နှင်းဆီပဝါခြုံတဲ့လက် ပွဲလက်မှတ်များအား၅.၁.၂၀၁၉ (စနေနေ့) ၊ ညနေ (၃) နာရီ မှ (၅) နာရီအတွင်းတော်ဝင်ဂါးဒင်းဟိုတယ်-တော်ဝင်စင်တာ၌နှင်းဆီအဖွဲ့ ကိုယ်တိုင် လက်မှတ်ရေးထိုးရောင်းချပေးမည်ဖြစ်ပါသည်။ထိုနေ့တွင် လာရောက်ဝယ်ယူအားပေးသော ပရိသတ်များအား လက်ဆောင်ထုတ်ရန် တိုကင်ထုတ်ပေးမည်ဖြစ်ပြီးပွဲနေ့တွင် ထိုလက်မှတ် နှင့် တိုကင်အား ပြ၍ လက်မှတ် (၁) စောင်လျှင်နှင်းဆီပဝါလေး (၁) ထည် လက်ဆောင်ထုတ်ယူနိုင်ပါတယ်” ဆိုပြီး နှင်းဆီရင်ခွင်လူကူညီရေးဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ဒီပွဲကို ဇန်နဝါရီ(၁၁) ရက်နေ့ နဲ့ (၁၂) ရက်တို့မှာ ရန်ကုန်မြို့ ၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ "နှင်းဆီပုဝါခြုံတဲ့ လက်" အငြိမ့်မှာ နှင်းဆီအဖွဲ့သားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည်မောင် တို့ ပါဝင်မှာ ဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းတွေကို VIP- ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားပြီး ၅၀၀၀၀၊ ၃၀၀၀၀ ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လက်မှတ်တွေကို ဖုန်း ၀၉-၄၂၉၂၆၁၄၄၄၄ မှာ ဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။
နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကနေ ပညာသင်ကျောင်းတွေလည်း ဆောက်လုပ်လှူဒါန်းခဲ့သလို သက်ကြီး အနုပညာလောက သားများကိုလည်း ကူညီပေးလျက်ရှိပါတယ်။