ကျပ်သိန်းပေါင်း ၂၀၀၀ တန်ဖိုးရှိတဲ့ လက်သန့်ဆေးရည် လီတာပေါင်း ၆၇၀၀၀ ကို ထောက်ပံ့မှာပဲ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အဝှမ်းရင်ဆိုင်နေရတဲ့ COVID-19ဗိုင်းရပ်စ် ကပ်ဘေးကို မြန်မာနိုင်ငံမှာလည်း အစိုးရနဲ့ပြည်သူ ပူးပေါင်းပြီး ဆန့်ကျင်တိုက်ပွဲဝင်နေရတဲ့အချိန်မှာ City Love & Hope Foundation ကလည်း အများပြည်သူတွေ စိတ်ဓာတ်တက်ကြွစေမယ့် စစ်ဆင်ရေးနဲ့ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းလျက်ရှိတယ်လို့ အဲဒီဖောင်ဒေးရှင်းရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

City Love & Hope Foundation ဟာ City Holdings Limited ရဲ့ ပရဟိတအဖွဲ့အစည်းဖြစ်ပြီး စိတ်ဓာတ်ခွန်အားစစ်ဆင်ရေးတစ်ခုအနေဖြင့် “Keeping The Spirit High” campaign ကို ဧပြီလ ၆ ရက်နေ့မှာ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေ၊ ဧပြီလ ၇ ရက်နေ့မှာ ဈေးဝယ်သူမိဘပြည်သူတွေနဲ့ ကျင်းပသွားခဲ့ တာပါ။

Group အတွင်းရှိ စီးပွားရေးလုပ်ငန်းတွေက မြန်မာပြည်သူများ COVID-19 ရောဂါကို ကာကွယ်နိုင်ရန် အရေးကြီးသည့် လက်သန့်ဆေးရည် (hand sanitizer) များ ထောက်ပံ့ရေးအတွက် ဒီ campaign မှာ အတူတကွ ပူးပေါင်းပါဝင်လျက်ရှိကြပါတယ်။ City Holdings Limited ရဲ့နယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဒီလိုခက်ခဲတဲ့ အချိန်မျိုးမှာ လိုအပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုများကို ‌ပေးလျက်ရှိပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးတဲ့နေရာမှာ အကောင်းဆုံးသော ကျန်းမာရေးနှင့် လုံခြုံရေးစံနှုန်းများရှိသည့် ဆေးဝါး‌ရောင်းချသည့် ဆိုင်များမှအစ customer များလိုအပ်သည့် online နှင့် in-store demands များအထိ ဖြည့်ဆည်းပေးလျက်ရှိတာပါ။

ဒီcampaign မှာ City Love & Hope Foundation မှ ကျပ်သိန်းပေါင်း ၂၀၀၀ တန်ဖိုးရှိတဲ့ လက်သန့်ဆေးရည် လီတာပေါင်း ၆၇၀၀၀ ကို ထောက်ပံ့မှာပဲ ဖြစ်ပါတယ်။

အဲဒီလိုထောက်ပံ့တဲ့နေရာမှာ လီတာ ၆၀၀၀၀ က အများပြည်သူများအတွက်ဖြစ်ပြီး လီတာ ၇၀၀၀ ကတော့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာဆိုရင် ခန့်မှန်းချေအိမ်ထောင်စုပေါင်း ၁၄၀၀၀၀ ကို လက်သန့်ဆေးရည် ထောက်ပံ့နိုင်တဲ့ပမာဏပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင်ဘူးထဲသို့ လက်သန့်ဆေးရည်များ ပြန်လည်ဖြည့်တင်းနိုင်တဲ့နေရာတွေကို ဧပြီလ ၇ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ရှိ Ocean Supercenter ဆိုင်ခွဲ ၅ ခုလုံးမှာ လက်သန့်ဆေးရည်ပြတ်လတ်မှုမရှိမချင်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။

ကျန်ဆိုင်ခွဲများနှင့် အခြားမြို့များရှိဆိုင်ခွဲများမှာလည်း အဲဒီအစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ပေးသွားဦးမှာပါ။ အများပြည်သူတွေအနေနဲ့ ဒီcampaign နှင့် ပက်သက်သည့် သတင်းများကို City Mart Supermarket ၊ Ocean Supercenter နှင့် marketplace by City Mart Facebook Page တို့မှာ စောင့်မျှော် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဈေးဝယ်သူတွေအနေနဲ့ ကိုယ်ပိုင်ဘူးများကို ယူဆောင်လာရန်လိုပြီး လူတစ်ဦးကို တစ်နေ့လျှင် ၅၀၀ မီလီလီတာနှုန်းဖြင့် လက်သန့် ဆေးရည်ကို ဖြည့်တင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာလည်း “သင့်နှလုံးသားက ဆန္ဒရှိသည့်အတိုင်း ငွေပေးချေပါ” ဟူသော အစီအစဉ်ဖြင့် လက်သန့်ဆေးရည် လာရောက်ဖြည့်တင်းသူများ အနေဖြင့် မိမိပေးသင့်သည် ထင်သော ငွေပမာဏကို ထည့်သွင်းခဲ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုထည့်သွင်းရာမှာ မဖြစ်မနေ ပေးချေစရာမလိုဘဲ မိမိဆန္ဒအတိုင်းသာ ငွေပေးချေနိုင်မှာလည်း ဖြစ်ပါတယ်။

“COVID-19 ကနေ ကာကွယ်နိုင်မယ့် အဓိကလက်နက်တစ်ခုကတော့ လက်သန့်ဆေးရည်များပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ customer များကို လက်သန့်ဆေးရည်များ ထောက်ပံ့နိုင်ဖို့အတွက် supplier များနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ Customer များကို လက်သန့်ဆေးရည်များဖြည့်ဖို့အတွက် ကိုယ်ပိုင်ဘူးများ ယူဆောင်လာပါလို့ တောင်းဆိုရတဲ့ အဓိကအကြောင်းအရင်းကတော့ ကျွန်မတို့အနေနဲ့ ပလတ်စတစ်သုံးစွဲမှုကို လျော့ချလိုခြင်းကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ထုတ်လုပ်သူတွေအနေနဲ့ ကုန်ကြမ်းပစ္စည်းများ ရှားပါး လာနိုင်မှုကိုလည်း လျော့ချနိုင်ပါတယ်။” လို့ City Holdings Limited ရဲ့ Group CEO ဒေါ်ဝင်းဝင်းတင့်မှ ပြောကြားခဲ့ပါတယ်။

သင့်နှလုံးသားက ဆန္ဒရှိသည့်အတိုင်း ငွေပေးချေပါ ဟူသော “Pay What Your Heart Feels” အစီအစဉ်မှ ကောက်ယူရရှိသော ငွေကြေးများကို လက်သန့်ဆေးရည်ထောက်ပံ့မည့်အစီအစဉ်အား ဆက်လက်လုပ်ဆောင် ရန်နှင့် COVID-19 တိုက်ဖျက်ရေးကို လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် ရပ်ရွာလူထုအတွက် လှူဒါန်းရန် အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

လွန်ခဲ့သော နှစ်ပါတ်ခန့်ကလည်း City Love & Hope Foundation မှ COVID-19 တိုက်ဖျက်ရေးအတွက် ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ PPE နှင့် Ventilators များကို မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပါသေးတယ်။

Group CEO ဒေါ်ဝင်းဝင်းတင့်အနေနဲ့ သူမနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးဟာ ဒီလို မကြုံစဖူး ပြဿနာကြီးအတွက် နိုးကြားနေခြင်း၊ တက်ကြွနေခြင်းနှင့် ကြိုတင်ပြင်ဆင်ထားခြင်းများရှိကြောင်း ပြောကြား ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်နှင့် တစ်ဦးအပေါ်တစ်ဦး ကူညီရိုင်းပင်းရန်လည်း တောင်းဆိုခဲ့ပါတယ်။

“ကျွန်မတို့အားလုံး အတူတူသာဆိုရင် ဒီအခြေအနေဆိုးကြီးကို ကျော်လွှားနိုင်မှာပါ” ဟုလည်း ဒေါ်ဝင်းဝင်းတင့်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့ အေးဆေးတည်ငြိမ်စွာနေရန်နှင့် မည်သည့်အခြေအနေတွင်မဆို ထိတ်လန့်ခြင်းမပြုရန် အကြုံပြုလိုကြောင်း Group အနေဖြင့် ပြောင်းလဲနေသော အခြေအနေအလိုက် တုန့်ပြန်မှုများနှင့် ဆက်သွယ်မှု များကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း City Holdings Limited ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

City Holdings Limited ရဲ့ တရားဝင်သတင်းအချက်အလက်များကို ရယူနိုင်မယ့် link များ

City Holdings website : www.cityholdings.com.mm

အခြား Social Media Page များ

City Mart Supermarket : https://web.facebook.com/CityMartSupermarketMyanmar/

Ocean Supercenter : https://web.facebook.com/OceanSupercenterMyanmar/

marketplace by City Mart : https://web.facebook.com/marketplacebycitymart/

Seasons Bakery & Café : https://web.facebook.com/SeasonsBakeryCafe/

City Mall Online : https://web.facebook.com/citymallonlinemm/


#StrongerTogether

(ဒီသတင်းကို City Holdings Limited မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က