ချစ်သူ သက်တမ်း ၅ နှစ်ရှိပါပြီ။

အဆိုတော် ချစ်စနိုးဦးနဲ့ သူ့ရဲ့ ချစ်သူတို့ဟာ ချစ်သူသက်တမ်း ၅ နှစ်ရှိပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ဖို့ အထိ ရည်ရွယ်ထား ကြ တယ်လို့ ဆိုပါတယ်။ ချစ်စနိုးဦးရဲ့ ချစ်သူကတော့ ဂီတလောကထဲက ဖြစ်ပါတယ်။

Photo: Chit Snow Oo Facebook

 

အဆိုတော် ချစ်စနိုးဦးနဲ့ သူ့ရဲ့ ချစ်သူတို့ဟာ ချစ်သူသက်တမ်း ၅ နှစ်ရှိပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ဖို့ အထိ ရည်ရွယ်ထား ကြ တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တစ်ယောက်အကြောင်း တစ်ယောက် သေသေချာချာ လေ့လာနေတဲ့ အချိန်ဖြစ်လို့ လက်ထပ်တာ ကို အလောတကြီး မလုပ်ချင်ဘူးလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အချိန်တစ်ခုယူပြီး အစ်မတို့ နှစ်ယောက် အတူတူတွဲနေကြတယ်။ အစ်မက ယူတာကို မလောချင်ဘူး။ သူလည်း အစ်မအကြောင်း သေချာ လေ့လာ၊ အစ်မလည်း သူ့အကြောင်းသေချာလေ့လာမယ် တစ်နှစ် နှစ်နှစ်ဆိုတဲ့ အချိန်မှာ ဟန် ဆောင် တယ်၊ ၃ ၊ ၄၊ ၅ နှစ်ဆိုရင်တော့ ဟန် မဆောင်တော့ဘူး၊ တစ်ယောက် အကြောင်းကို တစ်ယောက် သိပြီးလို့  လက်ခံတယ် ဆိုတော့မှ ယူကြတာကောင်းပါတယ်'' လို့ ဆိုပါတယ်။

Photo: Chit Snow Oo Facebook

 

ချစ်စနိုးဦးရဲ့ ချစ်သူကတော့ ဂီတလောကထဲက ဖြစ်ပါတယ်။ ချစ်သူကိုတော့ အွန်လိုင်းစာမျက်နှာပေါ်မှာ ဖော်ပြလေ့မရှိပါဘူး။ ချစ်စနိုးဦးဟာ သရုပ်ဆောင်ဘက်မှာ အားသာပေမယ့် ဂီတလောကထဲ လျှောက်လှမ်းချိန်မှာတော့ သူ့ရဲ့ ချစ်သူက ကူညီပံ့ပိုးမှုတွေ အများကြီး ရှိတယ်လို့ Duwun media ကို သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' အစ်မကို သီချင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ အများကြီး ပံ့ပိုးပေးပါတယ်။ အမှန်အတိုင်းပြောရရင် အစ်မက သူ့ထက်စာရင် သရုပ်ဆောင် ဘက်မှာ ကျွမ်းကျင်တယ်ဆိုပေမယ့် အဆိုဘက်မှာတော့ ဂျူနီယာ ကျပါတယ်။ အစ်မသီချင်းဆိုတဲ့ အခါကျရင်လည်း ကောင်းတယ်၊ မကောင်း ဘူး ဝိုင်းပြောပေးတယ်။ နားထောင်ပေးတယ်'' လို့ ဆိုပါတယ်။

Photo: Chit Snow Oo Facebook

ဂီတပိုင်းကို ဦးစားပေးလုပ်တော့မယ့် ချစ်စနိုးဦး 

ချစ်သူနှစ်ဦးစလုံးက အနုပညာလောကသားတွေ ဖြစ်လို့ အလုပ်နဲ့ ပတ်သက်လာရင် တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင် အလုပ်လုပ် လို့ရတယ်လို့ ချစ်စနိုးဦးက ပြောပါတယ်။ သူတို့ စုံတွဲလေးရဲ့ အားသာချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အနုပညာစုံတွဲဖြစ်တဲ့ အားသာချက်က အလုပ်နဲ့ ပတ်သက်တဲ့ တစ်ခုခုဆိုရင် တိုင်ပင်လို့ရတယ်။ အပြင်လူက ကျတော့ ကောင်းလား၊ မကောင်းလား ပြောမယ်။ လိုအပ်ချက်ကိုလည်း ပြည့်ပြည့်စုံစုံ မပြောပြနိုင်ဘူးပေါ့နော်။ အခုကျတော့ ဘယ်နေရာလေးဆိုရင် ဘယ်လိုလေး ကွန့်ဆိုလိုက် ဘယ်လိုလေးဆိုပါလား သူ ရှာပြတယ်'' လို့ ဆိုပါတယ်။

Photo: Chit Snow Oo Facebook

 

ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာ အလုပ်တွေကို နားထား တာရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က