Exo အဖွဲ့ဝင် Chen ဟာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်းနဲ့ လက်ထပ်တော့မယ့်အကြောင်းကို Exoရဲ့ တရားဝင် Fan Club ကနေ ကြေညာခဲ့ပါတယ်။ Chen ရဲ့ချစ်သူက Chen ရဲ့ရင်သွေးလေးကို လွယ်ထားရပြီလို့လည်း သိရပါတယ်။
photo : Koreaboo
" ဒီအကြောင်းကို ချစ်ရတဲ့ Fan တွေကို ကိုယ်တိုင်ပြောပြချင်တာကြောင့် အခုလိုရေးသားလိုက်ရတာပါ၊ အခု ချစ်သူမိန်းကလေးရှိနေပြီး သူမနဲ့အတူ တစ်ဘဝလုံး လက်တွဲသွားချင်ပါတယ်၊ ဒီအခြေအနေနဲ့ပတ်သက်ပြီး အားလုံးအံ့သြတုန်လှုပ်သွားမှာသေချာတာကြောင့် ပြောလို့မထွက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာတော့ ကံကောင်းခြင်းလေးတစ်ခုရောက်ရှိလာပြီး သူကပဲ အခုလိုဖွင့်ပြောဖို့ အားအင်တွေပေးလိုက်တာပါ။ အမြဲတမ်းချစ်ပေး ဂရုစိုက်ပေးတဲ့အဖွဲ့ဝင်တွေနဲ့ Fan တွေကို ကျေးဇူးတင်ပါတယ်" လို့ အစချီရေးသားထားတဲ့ သူ့ရဲ့လက်ရေးနဲ့စာကို ပေ့ချ်မှာ တင်ခဲ့ပါတယ်။
လက်ထပ်လိုက်ပေမယ့် အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ဆောင်နေဦးမှာပါလို့လည်း သူက ရေးသာထားပါသေးတယ်။
Photo : Koreaboo
သူ့ရဲ့ အေဂျင်စီ SM Entertainment ကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး မင်္ဂလာပွဲကိုတော့ မိသားစုဝင်တွေအလိုကျ တိတ်တဆိတ်ကျင်းပသွားမယ်လို့လည်း ရေးသားထားခဲ့ပါတယ်။
ဒီသတင်းတက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်ကြောင့်လက်ထပ်တာလားဆိုပြီး ထင်ကြေးတွေပေါ်ပေါက်လာခဲ့ပြီး နောက်မှာတော့ ချန်းရဲ့ ဇနီးလောင်းဟာ ကိုယ်ဝန်ဆောင်ထားရပြီဆိုတဲ့အကြောင်းကို SM Entertainmentက အတည်ပြုခဲ့ပါတယ်။
"Chen ရဲ့ဇနီးလောင်းဟာ ရင်သွေးလေးလွယ်ထားရပါတယ်။ ဒါပေမယ့် သူမဟာ ဆယ်လီဘရစ်တီတစ်ယောက်မဟုတ်တာကြောင့် ကိုယ်ဝန်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မမေးမြန်းကြဖို့ မေတ္တာရပ်ခံပါတယ်"လို့ SMက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Chen ဟာ ကိုရီးယားရဲ့ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ EXO အဖွဲ့နဲ့အတူ စတင်ပွဲဦးထွက်ခဲ့ပါတယ်။
သူဟာ DOTS, Moon Lover စတဲ့ နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲအများအပြားထဲက နာမည်ကျော်ဇာတ်ဝင်တေးတွေကိုလည်း သီဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။