Sharp ပိုင် လုပ်ငန်းဖြစ်သွားမှာပါ

ဂျပန်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Toshiba ဟာ နှစ်ပေါင်း ၃၅ နှစ်ကြာ လုပ်ကိုင်လာတဲ့ ကွန်ပျူတာစီးပွားရေးလုပ်ငန်းကို Sharp ထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ 

Gizmodo သတင်းအရ Toshiba ဟာ ကုမ္ပဏီရဲ့ Dynabook လက်ပ်တော့အမှတ်တံဆိပ်ရဲ့ ကျန်ရှိနေတဲ့ ရှယ်ယာ ၁၉.၉% ကို Sharp ကို ရောင်းချပြီး လက်ပ်တော့နဲ့ PC ကွန်ပျူတာလုပ်ငန်းကနေ တရားဝင်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ Toshiba ဟာ ၂၀၁၈ ခုနှစ်မှာကတည်းက Sharp ကို ဒေါ်လာ ၃၆ သန်းဖိုး (ရှယ်ယာ ၈၀.၁%) ရောင်းချထားတာပါ။



Photo: The Verge

ဇွန်လကုန်ပိုင်းမှာ Sharp ဟာ Toshiba ရဲ့ ကျန်ရှိနေသေးတဲ့ လက်ကျန်ရှယ်ယာ ၁၉.၁% ကို ဝယ်လိုက်တာ ဖြစ်ပါတယ်။ အရောင်းအဝယ် ပြီးပြတ်ကြောင်းကို Toshiba က ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

"အခုလို လုပ်ငန်းလွှဲပြောင်းမှုကြောင့် Dynabook ဟာ Sharp တစ်ဦးတည်းပိုင် လုပ်ငန်းဖြစ်သွားပါပြီ" လို့ Toshiba က ဆိုပါတယ်။

Toshiba ကို သယ်သွားလို့ရနိုင်တဲ့ ကွန်ပျူတာနယ်ပယ်ရဲ့ စွန့်ဦးကုမ္ပဏီတစ်ခုအဖြစ် လူသိများပါတယ်။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ Toshiba T1100 ဟာ လက်ပ်တော့ကွန်ပျူတာခေတ် ပင်မရေးစီးကြောင်းထဲက ပထမဆုံးထုတ်ကုန်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ T1100 ဟာ ပြန်အားသွင်းနိုင်မယ့် Rechargeable ဘက်ထရီများ ၊ ၃.၅ Floppy Drive နဲ့ 256K memory တွေ သုံးထားတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။


Photo: tablet-news

၁၉၉၀ နဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ Toshiba ဟာ ထိပ်တန်း PC ကွန်ပျူတာ ထုတ်လုပ်သူများထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ထုတ်ခဲ့တဲ့ Toshiba ရဲ့ Satellite ၊ Portege နဲ့ Qosmio စီးရီးတွေဟာ ဈေးကွက်မှာ အောင်မြင်မှုရခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Toshiba ပေါ် ဈေးကွက်လူကြိုက်များမှု ကျဆင်းလာခဲ့ပါတယ်။ 

Sharp ကို ရှယ်ယာတွေ ရောင်းတဲ့အချိန်မှာ Toshiba ရဲ့ PC ဈေးကွက်ရှယ်ယာဟာ ထိုးကျလာနေပြီ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Toshiba ဟာ ကွန်ပျူတာအလုံးရေ ၁၇.၇ သန်း အထိ ရောင်းချနိုင်ခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာ အလုံးရေ ၁.၄ သန်းခန့်ပဲ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က