၅ နှစ်ကျော်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူပါတဲ့။

ချစ်စနိုးဦးက ၅ နှစ်ကြာလက်တွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီလို့ ဆိုပါတယ်။ သူမရဲ့ ချစ်သူဟာ ဂီတလောကထဲက ဖြစ်ပါတယ်။


သရုပ်ဆောင် ချစ်စနိုးဦးက ၅ နှစ်ကြာလက်တွဲလာတဲ့ ချစ်သူ အဆိုတော်ဖိုးသား နဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီလို့ သိရပါတယ်။ လက်ထပ်ပွဲကလည်း နီးပြီလို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အတိအကျထွက်ပြီဆိုရင်တော့ တကယ်ဖိတ်စာရိုက်ပြီး၊ တကယ်အတိအကျသိရပြီဆိုရင်တော့ အားလုံးကို ပြောမှာပါ။ အသိမပေးပဲနဲ့တော့ အိမ်ထောင်မပြုပါဘူး။ နီးတော့ နီးပြီထင်ပါတယ်’’ ဆိုပြီးတော့ City FM ပွဲကို ချစ်သူနဲ့ အတူတူ တက်ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။


Photo: ချစ်စနိုးဦးဖေ့စ်ဘွတ်

တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖေးမမှုတွေနဲ့ လက်တွဲလာခဲ့ကြတဲ့ ချစ်သူ သက်တမ်း ၅ နှစ်အတွင်းက အတွေ့အကြုံတွေကိုလည်း ချစ်စနိုးဦးက ပြောပြလာပါတယ်။

‘’ ၅ နှစ်ကျော်ပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကတော့ တော်တော်သိနေပြီပေါ့နော်။ သူ့ရဲ့ အားနည်းချက်၊ အားသာချက်၊ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေလည်း သိပြီးပြီ။ ဒီ ၅ နှစ်အထိ ကိုလည်း ကိုယ်တွေ နားလည်မှုနဲ့ ဆက်တွဲနိုင်ခဲ့လို့ ရပ်တည်နိုင်မယ်လို့လည်း ထင်တယ်။ ဒါကြောင့်လည်း လက်ထပ်ဖို့အထိ စဉ်းစားတယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။



Photo: ချစ်စနိုးဦးဖေ့စ်ဘွတ်

ချစ်စနိုးဦး နဲ့ ဖိုးသား တို့ဟာ ချစ်သူ သက်တမ်း ၅ နှစ်မှာ ပြောင်းလဲသွားတဲ့ စိတ်ခံစားချက်တွေ အကြောင်းကို ချစ်စနိုးဦးက ဆက်လက်ပြောပြလာပါသေးတယ်။ ချစ်သူ ဆိုတာထက် သူငယ်ချင်းလို၊ မောင်နှမလို ဖြစ်နေပြီလို့ သိရပါတယ်။

‘’ ၅ နှစ်ဆိုတဲ့ အချိန်မှာ သူလည်း ဟန်မဆောင်တော့ဘူး။ ကိုယ်လည်း ဟန်မဆောင်တော့ဘူး။ ကိုယ့်ရှိတဲ့ ပုံစံအတိုင်းပဲ ဖြစ်သွားကြတယ်။ ၅ နှစ်ဖြစ်တာကြောင့် သံယောဇဉ်လည်း တော်တော်ဖြစ်သွားကြတယ်။ အခုဆိုရင် သမီးရည်းစားဆိုတာထက် မောင်နှမလို၊ သူငယ်ချင်းလို ဖြစ်သွားကြတယ်။ သူပါးစပ်ဟလိုက်တာနဲ့ ဘာ၊ ကိုယ်ပါးစပ်ဟ လိုက်တာနဲ့ ဘာဆိုတာ သိနေပြီဆိုတော့ ဆက်တွဲလိ့ုရတယ်၊ ကိုယ့်အပေါ်လည်းကောင်း တဲ့သူဆိုတော့ လက်ထပ်ဖိ့ုအထိ ဆုံးဖြတ်လိုက်ကြတာပါ’’ လို့ ဆိုပါတယ်။


ချစ်စနိုးဦးာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာ အလုပ်တွေကို နားထား တာရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က