ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီအသင်းပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တာပါ။

နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းများအရ ပီအက်စ်ဂျီအသင်းကိုသာ ချန်ပီယံလိဂ်မှာ ကျော်ဖြတ်နိုင်ခဲ့ပါက ယူနိုက်တက်အမြဲတမ်းနည်းပြ နေရာကို ဆိုးလ်ရှား ရယူနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အိုလီဂန်ဆိုးလ်ရှားဟာ လက်စတာအသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး မိနစ် (၂၀)အကြာမှာပဲ ပြင်သစ်ကို သွားရောက်ခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက် ပြိုင်ဘက်အသင်းရဲ့ ခြေစွမ်းကို သွားရောက်လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။


ဒီအတွက် ဆိုးလ်ရှားဟာ လက်စတာနဲ့ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲကို အလျှင်အမြန်ပြုလုပ်ခဲ့ပြီးနောက် လိုင်ယွန် နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်အမီ ပြင်သစ်ကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ ဒီမာရီယာရဲ့သွင်းဂိုးနဲ့ ပီအက်စ်ဂျီက ဦးဆောင်ခဲ့ပေမယ့် ဒမ်ဘီလီနဲ့

ဖယ်လ်ကီတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်သွင်းခဲ့လို့ ပီအက်စ်ဂျီ အရေးနိမ့်ခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက်တော့ ဆိုးလ်ရှားလက်ထက်မှာ (၁၀)ပွဲကစားအပြီး (၉)ပွဲအထိ အနိုင်ရရှိထားတဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက်လည်း စိုးရိမ်စရာဖြစ်ခဲ့ရတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ (၁၀၀)ပြည့် ပွဲကို ပါဝင်ကစားခဲ့တဲ့ ရက်ဖို့ဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ တိကျလှပတဲ့ ပေးပို့မှုကတဆင့် ရက်ဖို့ဒ်က ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ဆိုးလ်ရှားလက်ထက်မှာ ဒီကစားသမား (၂)ဦးရဲ့ ပေါင်းစပ်မှုက ဂိုးသွင်းနိုင်ခဲ့တာ (၃)ကြိမ်မြောက် ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။ "ကစားသမားကောင်းတွေဆိုတာက

တစ်ဦးနဲ့တစ်ဦး ပိုပြီးကောင်းလာအောင် ပြုလုပ်ပေးနိုင်ကြသူတွေပါ၊ ပေါ့ဂ်ဘာရဲ့ ပေးပို့သွားခဲ့မှုက တကယ့်ကို အံ့မခန်းပါပဲ" လို့ ဆိုးရှားလ်က ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။



ဆိုးလ်ရှားကတော့ အသင်းအတွက် နိုင်ပွဲရယူပေးနိုင်ခဲ့ပြီးနောက်မှာ အနားမယူနိုင်ခဲ့ပဲ ပြင်သစ်ကို ချက်ချင်းသွားရောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းများအရ ပီအက်စ်ဂျီအသင်းကိုသာ ချန်ပီယံလိဂ်မှာ ကျော်ဖြတ်နိုင်ခဲ့ပါက ယူနိုက်တက်အမြဲတမ်းနည်းပြ နေရာကို ဆိုးလ်ရှား ရယူနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က