လာမယ့်စနေနေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့်စနေနေ့မှာ ကစားရမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာရွန်ဝမ်ဘစ်စကာ၊ ပေါ့ဂ်ဘာ အပါအဝင် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ၅ ဦးရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားအတွက် စိတ်ပူပင်စရာဖြစ်နေတာဖြစ်ပါတယ်။

Mirror ရဲ့ဖော်ပြချက်အရ လုခ်ရှော၊ အန်သိုနီမာရှယ်၊ ဂျက်ဆီလင်ဂတ်တို့ရဲ့ ကြံ့ခိုင်မှုကလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပြီး ယခုရာသီ ဆိုးလ်ရှားရဲ့ အသင်းလူစာရင်းမှာ စွမ်းဆောင်ရည်ကောင်းပြသထားနိုင်တဲ့ ဝမ်ဘစ်စကာဟာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝမ်ဘစ်စကာဟာ နောက်ကျောဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး အသင်းဖော် ဂျက်ဆီလင်ဂတ်ကလည်း အင်္ဂလန်အသင်းကနေ အိမ်ကို ပြန်ပို့ခံခဲ့ရတယ်လို့ သိရပါတယ်။ ဂျက်ဆီလင်ဂတ်ဟာ ဖျားနာနေတာကြောင့် ဘူဂေးရီးယား၊ ကိုဆိုဗိုတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး လုခ်ရှောကလည်း တံကောက်ကြော ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာကလည်း ခြေချင်းဝတ်ဒဏ်ရာပြဿနာကြောင့် ပြင်သစ်လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပြီး မာရှယ်ကလည်း ပဲလေ့စ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ငံတကာအားလပ်ရက်အပြီး ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာစီးတီးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး သြဂုတ်လအစောပိုင်းနောက်ပိုင်း ပထမဆုံးနိုင်ပွဲကို ရယူဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က