သူတို့အသင်းကို အနိုင်ဂိုးသွင်းယူခဲ့ပြီး ဂိုးသမားကိုပါ တစ်နှစ်ခန့်အနားယူရလောက်အောင် ဖန်တီးခဲ့တဲ့ မြူပေးရဲ့ လွဲချော်မှုအပေါ်မှာ ပရိသတ်တွေက ကျေနပ်အားရနေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသမားလီနိုကို ဒဏ်ရာရရှိစေခဲ့သလို ပွဲပြီးခါနီးမှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဘရိုက်တန်ကစားသမားမြူပေးဟာ မနေ့ညက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ပယ်နယ်တီကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ မြူပေးက အခွင့်အရေးကို အသုံးမချနိုင်ခဲ့လို့ ဘရိုက်တန်အတွက် နိုင်ပွဲလက်လွှတ်ခဲ့ရပါတယ်။
ပြင်သစ်ကစားသမားရဲ့ ပယ်နယ်တီလွဲချော်ခဲ့မှုအပြီးမှာတော့ အာဆင်နယ်ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ သူတို့အသင်းကို အနိုင်ဂိုးသွင်းယူခဲ့ပြီး ဂိုးသမားကိုပါ တစ်နှစ်ခန့်အနားယူရလောက်အောင် ဖန်တီးခဲ့တဲ့ မြူပေးရဲ့ လွဲချော်မှုအပေါ်မှာ ပရိသတ်တွေက ကျေနပ်အားရနေခဲ့တာဖြစ်ပါတယ်။
"လီနိုရဲ့ ဒဏ်ရာသတင်းကို အရင်ဆုံးကြားရတာက တကယ်ဆိုးဝါးတာမဟုတ်တော့ပါဘူး၊ မိနစ်အနည်းငယ်အကြာမှာ မြူပေး ပယ်နယ်တီလွဲချော်ခဲ့တယ်ဆိုတာက ဘယ်လောက်တောင် ကျေနပ်ဖို့ကောင်းလိုက်သလဲ" လို့ ပရိသတ်တစ်ဦးက တွစ်တာပေါ်မှာ ရေးသားခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အခြားပရိသတ်တစ်ဦးကလည်း မြူပေးကို ဂွမ်ဒေါင်ဇီက ရန်ပြုနေတဲ့ဓာတ်ပုံနဲ့အတူ "မြူပေး ပယ်နယ်တီလွဲသွားပြီ" လို့ ရေးသားသွားခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ဦးကတော့ "ဗန်ဒိုက်ကို ပီပီက ဘောလုံးနဲ့အတူကျော်ဖြတ်သွားခဲ့တယ်၊ အခု မြူပေးက ပယ်နယ်တီလွဲချော်သွားခဲ့ပြန်ပြီ၊ အာဆင်နယ်အတွက် တကယ့်ရာသီကောင်းတစ်ခုပဲ" လို့ သူ့စိတ်ခံစားချက်ကို ဖော်ပြသွားခဲ့ပါတယ်။ ဒါဟာ မြူပေးအနေနဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံနေရပြီဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။
မြူပေးဟာ အာဆင်နယ်ဂိုးသမားလီနိုနဲ့ ဘောလုံးယှဉ်လုဖို့ကြိုးစားခဲ့ရာမှာ မတော်မဆဖြစ်ခဲ့ပြီး လီနိုကို ဒဏ်ရာရရှိစေခဲ့ပါတယ်။ ဒူးဒဏ်ရာရရှိခဲ့တဲ့ လီနိုဟာ ဆေးစစ်မှုတွေအရ တစ်နှစ်လောက်အနားယူရတော့မယ်လို့ သိရပြီး အာဆင်နယ်အတွက်တော့ ဂိုးသမားအခက်အခဲနဲ့ ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။