ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ပြဿနာဖြစ်ခဲ့ကြသူတွေပါ။

အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ရာဟင်းစတားလင်းနဲ့ ဂျိုးဂိုးမက်ဇ်တို့ဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ ပြဿနာတက်ခဲ့ကြပြီးနောက် လက်ရွေးစင်အသင်းနဲ့ လာရောက်ပူးပေါင်းဖို့ စိန့်ဂျော့ဂျ်ပတ်ခ်ကို လာရောက်ခဲ့တဲ့ တနင်္လာနေ့မှာပဲ ပြဿနာထပ်တက်ခဲ့လို့ လက်ရွေးစင််အသင်းဖော်တွေက လူစုခွဲပေးခဲ့ရတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရာဟင်းစတားလင်းဟာ ဝင်ဘလေကွင်းမှာ မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ကြာသပတေးနေ့ပွဲစဉ်မှာ ယင်းဖြစ်စဉ်ကြောင့် ပါဝင်ကစားခွင့်ရရှိမှာမဟုတ်ဘူးလို့ သိရပေမယ့် စတားလင်းအနေနဲ့ အသင်းလူစာရင်းမှာ ဆက်လက်ရှိနေဦးမယ်လို့ သိရပါတယ်။

“ရာဟင်းစတားလင်းဟာ ဒီနေ့ အသင်းရဲ့ ကိုယ်ပိုင်ဧရိယာဖြစ်တဲ့ စိန့်ဂျော့ဂျ်ပတ်ခ်မှာ ငြိမ်းချမ်းတဲ့အခြေအနေကို ဖျက်ဆီးခဲ့တဲ့ရလဒ်အနေနဲ့ မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကြာသပတေးနေ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ပါဝင်ကစားပေးဖို့ ယူဆခြင်းခံရမှာမဟုတ်ဘူးဆိုတာကို ဘောလုံးအဖွဲ့ချုပ်က အတည်ပြုနိုင်ပါတယ်”လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ လီဗာပူးအသင်းကစားသမားတွေဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းဟာ အိမ်ရှင်လီဗာပူးအသင်းရဲ့ ၃-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ရာဟင်းစတားလင်ကို ဂျိုးဂိုးမက်ဇ်က ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ထိပ်တိုက်တွေ့ခဲ့ကြပြီး ဂျိုးဂိုးမက်ဇ်ရဲ့လီဗာပူးအသင်းဖော် ဂျိမ်းစ်မီလ်နာက လူစုခွဲပေးခဲ့ရတာဖြစ်ပါတယ်။ The Telegraph ရဲ့သတင်းအရ စတားလင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားဖို့ ရောက်ရှိလာချိန်မှာ လီဗာပူးနဲ့ပွဲစဉ်က စိတ်ခံစားမှုတွေကို ယူဆောင်လာခဲ့ပြီး အေးအေးဆေးဆေးနေနေတဲ့ ဂျိုးဂိုးမက်ဇ်ကို ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုခု ပြုလုပ်လာအောင် လှုံ့ဆော်ခဲ့တယ်လို့ သိရပါတယ်။

စတားလင်းဟာ နောက်ပိုင်းမှာ ၎င်းရဲ့ပုံစံဟာ မှားယွင်းနေတယ်ဆိုတာကို ပြန်စဉ်းစားမိခဲ့ပြီး တောင်းပန်ခဲ့ပေမယ့် ကြာသပတေးနေ့ မွန်တီနီဂရိုးအသင်းနဲ့ ကစားရမယ့်ပွဲစဉ်အတွက် လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာကိုတော့ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

က္က