လက်ရှိမှာ မေဝယ်လ်သာက အမေရိကန်လက်ဝှေ့သမားအက်ဒရီယန်ဘရွန်နာနဲ့ ထိုးသတ်ဖို့အတွက် ကြိုးဝိုင်းထဲကို နောက်တစ်ကြိမ်ပြန်ဝင်လာဦးမယ်လို့ အသံထွက်နေခဲ့တာဖြစ်ပါတယ်။
သူ့အနေနဲ့ ကြိုးဝိုင်းအတွင်းကို ပြန်လာတော့မှာမဟုတ်ဘူးလို့ လက်ဝှေ့ကြိုးဝိုင်းအတွင်းကို နောက်တစ်ကြိမ်ပြန်ဝင်လာဦးမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့အပေါ် ဖလွိုက်မေဝယ်လ်သာက တုံ့ပြန်သွားခဲ့ပါတယ်။ မေဝယ်လ်သာက သူ့ရဲ့ ဘောက်ဆင်ကစားသမားဘဝဟာ ပြီးဆုံးသွားခဲ့ပြီလို့လည်း အခိုင်အမာပြောဆိုခဲ့ပြီး ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။
မေဝယ်လ်သာကတော့ ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းက ကွန်နာမက်ဂရီဂေါ်နဲ့ သူ့ရဲ့နောက်ဆုံးပွဲကို ထိုးသတ်ခဲ့ပြီး အနားယူခဲ့သူဖြစ်ပါတယ်။ ရှုံးပွဲမရှိနဲ့ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် သရဖူဆောင်းနိုင်ခဲ့တဲ့ မေဝယ်လ်သာဟာ ငွေကြေးကြောင့် ထိုးသတ်တတ်သူလို့ နာမည်ထွက်ခဲ့ပြီးတော့ သူ့ရဲ့ လက်ဝှေ့သမားဘဝနောက်ဆုံးပွဲစဉ်တွေမှာ ထိုးသတ်ကြေးအများအပြားရရှိခဲ့သူဖြစ်ပါတယ်။
Fight Hype နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မေဝယ်လ်သာက "အဲဒါတွေက ကောလာဟလတွေသက်သက်ပါပဲ၊ ကျွန်တော်က အနားယူခဲ့ပြီးပါပြီ၊ ကျွန်တော့်ရဲ့ ဘောက်ဆင်သမားဘဝက ပြီးဆုံးသွားခဲ့ပါပြီ၊ ဒီအတိုင်းပဲ ဆက်နေဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် စီးပွားရေးကတော့ ကျွန်တော်အနားမယူသေးပါဘူး၊ မက်ဂရီဂေါ်နဲ့ ထိုးသတ်ပြီးတော့ ဒေါ်လာသန်း ၃၇၀ လောက်ပေးမလား၊ အဲဒီလိုညတစ်ညတော့ ကျွန်တော်ဖန်တီးပေးနိုင်ပါတယ်"
"ဒေါ်လာသန်း ၃၂၀ ကျော်တဲ့ ပွဲနှစ်ပွဲ ကျွန်တော်လုပ်ခဲ့ပြီးပါပြီ" လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ မေဝယ်လ်သာက အမေရိကန်လက်ဝှေ့သမားအက်ဒရီယန်ဘရွန်နာနဲ့ ထိုးသတ်ဖို့အတွက် ကြိုးဝိုင်းထဲကို နောက်တစ်ကြိမ်ပြန်ဝင်လာဦးမယ်လို့ အသံထွက်နေခဲ့တာဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေဝယ်သာက သူ့အနေနဲ့ ပြိုင်ဘက်ကောင်းမဟုတ်သူနဲ့တော့ ရင်ဆိုင်မှာမဟုတ်ဘူးလို့လည်း ငြင်းဆိုခဲ့ပါတယ်။
မေဝယ်လ်သာကတော့ အနာဂတ်မှာ Trainer ကောင်းတစ်ဦးဖြစ်ချင်တယ်လို့လည်း ဝန်ခံခဲ့ဖူးသူဖြစ်ပါတယ်။ သူ့ကို လေ့ကျင့်ဖက်အဖြစ် ပြုလုပ်ပေးခဲ့တဲ့ ဦးလေးဖြစ်သူ သေဆုံးခဲ့တဲ့နောက်မှာ သူ့ရဲ့လက်ဝှေ့သမားဘဝမှာ အဓိကနေရာကပါဝင်ခဲ့တဲ့ ဦးလေးဖြစ်သူရဲ့ ခြေရာကို နင်းနိုင်ဖို့အတွက် Trainer ကောင်းတစ်ဦးဖြစ်လာချင်တယ်လို့ ပြီးခဲ့တဲ့လအတွင်းက ပြောဆိုခဲ့ဖူးပါတယ်။