YCDC သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

မြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ချိတ်ဆက်အားကောင်းမှုကြောင့် စည်ပင်သာယာဖွံဖြိုးရေးလုပ်ငန်းအတွက် လုပ်ဆောင်ချက်တွေက ပိုမိုပီပြင်လာတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

Photo - YCDC က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲမှာ Duwun မီဒီယာရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ရေနဲ့သန့်ရှင်းရေးဌာန၊ လမ်းတံတားဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ပန်းဥယျာဉ်ဌာန ၊ တိရစ္ဆာန်ဆေးကုဌာန၊ ဈေးများဌာန အစရှိသဖြင့် ဌာနပေါင်း (၂၁) ခုရှိပြီး ဌာနအလိုက်တော့ အားကြိုးမာန်တက်လုပ်ဆောင်မှု တွေ ရှိနေတယ်လို့ဆိုပါတယ်။

“ မြို့နယ်အလိုက် စည်ပင်သာယာဥက္ကဌ၊ အဖွဲ့ဝင်တွေရှိတယ်။ သူတို့တွေက မြို့နယ်တွေမှာ လိုအပ်ချက်ဖြစ်တဲ့ (ဥပမာ လမ်း၊ လမ်းဘေးဈေးသည်၊ အဆောက်အအုံတွေကိစ္စကို YCDC ကိုတိုက်ရိုက်ချိတ်တယ်။ YCDC က သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်ပေးတယ်ပေါ့။ ဒီမြို့နယ်မှာ လမ်းလိုတယ်ဆိုရင် လမ်းတံတားဌာနက သွားတယ်။ ရေစီးဆင်းမှု မကောင်းဘူးဆို ရေဆိုးဌာနက သွားတယ်။ အဲဒီလိုမျိုးပေါ့။ ဆိုလိုချင်တာက YCDC က ကဏ္ဍအလိုက်သွားတယ်။ မြို့နယ်စည်ပင်ကကျတော့ တစ်မြို့နယ်လုံးရဲ့ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက် တွေကိုတင်ပြတယ်။ အဲဒီတင်ပြချက်နဲ့ YCDC ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ချိတ်တယ်။အဲဒီတော့ ချိတ်ဆက်မှု ပိုကောင်းလာတယ် “ လို့ မြို့တော်ဝန်က ပြောပါတယ်။

Photo - YCDC က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ စီမံခန့်ခွဲမှုအပိုင်းနဲ့ မူဝါဒချမှတ်တဲ့အပိုင်းဆိုပြီး (၂) ပိုင်းရှိတယ်လို့ ဆိုပါတယ်။  

ယခင် မြို့နယ်စည်ပင်အဖွဲ့တွေ မရှိခဲ့တာကြောင့် YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) အနေနဲ့ တစ်မြို့နယ်ချင်းစီအလိုက် လိုက်လံစစ်ခဲ့ရတာကြောင့်အားနည်းချက်တွေ ရှိခဲ့တယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့တာပါ။

Share

Loading Next Article...
က္က