စတုထ္ထအဆင့်ပွဲစဉ်တွေအပြီးမှာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွေရဲ့ လက် ရှိချန်ပီယံ၂ဦးလုံး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
၂၀၁၉ ခုနှစ်ရဲ့ ဂရင်းဆလင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ US Open ရဲ့ စတုထ္ထအဆင့်ပွဲစဉ်တွေအပြီးမှာတော့ အ မျိုးသားတစ်ဦးချင်းနဲ့အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွေရဲ့ လက်ရှိချန်ပီတွေ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့လို့ ပြိုင် ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရပြီဖြစ်လို့ BBC ကဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ US Open ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်-၁ တင်းနစ်သမားဂျိုကို ဗ စ်က ချန်ပီယံဆုရရှိခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာတော့ ဂျပန်တင်းနစ်မယ်နာအိုမီအိုဆာ ကာ က ချန်ပီယံအဖြစ်ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။
အခုနှစ်ပြိုင်ပွဲတွင်မူ စောစီးစွာထွက်ခွာခဲ့ရတဲ့ လက်ရှိချန်ပီယံဂျိုကိုဗစ်ကမူ စတုထ္ထအဆင့်ပွဲစဉ်အဖြစ်ဆွ စ်ဇာလန်တင်းနစ်သမားဝါရင်ကာနဲ့ပွဲမှာပခုံးဒဏ်ရာရရှိခဲ့လို့ ပြိုင်ပွဲက နုတ်ထွက်ခဲ့တာဖြစ်ပြီး နာအိုမီအို ဆာကာကတော့ စတုထ္ထအဆင့်မှာ ဆွစ်ဇာလန်တင်းနစ်မယ်ဘန်ဆစ်ကို ၇-၅၊ ၆-၄ နဲ့အရေးနိမ့်ပြီးပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာပါ။
လက်ရှိမှာကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိခဲ့ပြီဖြစ်တဲ့ ပြိုင်ပွဲမှာ အမျိုးသားတစ်ဦးချင်းတွင် ရာဖေးလ် နာဒယ်လ်၊ ရော်ဂျာဖက်ဒဲရား၊ မက်ဗီဒက်ဗ်တို့ထိပ်တန်းကစားသမားတွေ ပါဝင်နေခဲ့ပြီး အမျိုးသမီးတစ် ဦးတွင်မူ ဆီရီနာဝီလျံ၊ ကွန်တာ၊ ဘန်ဆစ်တို့ တက်ရောက်လာခဲ့ပါတယ်။
ဆီဒင်သတ်မှတ်ချက်အရ အမျိုးသားပြိုင်ပွဲတွင် ရာဖေးလ်နာဒယ်နဲ့ ရော်ဂျာဖက်ဒဲရားတို့ ဗိုလ်စွဲနိုင်ချေ အများဆုံးဖြစ်နေခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာမူ ဆီဒင်အဆင့်သတ်မှတ်ချက် ၅တွင်ရှိနေခဲ့တဲ့ ယူ ကရိန်းတင်းနစ်မယ်ဆဗီတိုလီနာက ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။