ခင်ပွန်းဖြစ်သူကို စိတ်ဖိစီးမှုမပေးချင်လို့ပါတဲ့။

ခရစ္စတီးနားခီက မိန်းကလေးတစ်ယောက်ဖြစ်တာမို့ လက်ဝတ်ရတနာတွေ ကြိုက်နှစ်သက်ပေမယ့် ခင်ပွန်းဖြစ်သူကို စိတ်ဖိစီးမှု မပေးချင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။ ဇဏ်ခီရဲ့ ပထမဆုံးပေးတဲ့ လက်စွပ်လေးကိုတော့ သူမကိုယ်တိုင် တန်ဖိုးထားပြီးဝတ်ဆင်တယ်လို့ ဆိုပါတယ်။

Photo: Christina Kyi

အနုပညာလောကမှာ အောင်မြင်မှုရရှိနေပြီဖြစ်တဲ့ ခီမောင်နှံကိုတော့ အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။ အခုလည်း ခရစ္စတီးနားခီဟာ လှတာလေးတွေ၊ ကောင်းတာလေးတွေ ကြိုက်ပေမယ့် ခင်ပွန်းဖြစ်သူကို မပင်ပန်းစေချင်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မက Brand ပဲဖြစ်ဖြစ်၊ လက်ဝတ်ရတနာပဲဖြစ်ဖြစ် မိန်းကလေးဆိုတော့ လှတာတော့ ကြိုက်တာပေါ့နော်။ ဒါပေမယ့် မကြိုက်တတ်အောင် ကိုယ့်ဘာသာကိုယ်ပဲ နေလိုက်တယ်။ လောဘတွေ အရမ်းကြီးလာရင် အဲဒီနောက်ကို လိုက်မယ်၊ မိန်းမဆိုတာက Pressure အပေးဆုံးက ယောကျ်ားကိုပဲ။ သူ့ကို ပူဆာလာမိမယ်၊ အဲဒီအခါကျရင် သူမရိုက်ချင်တဲ့ ဇာတ်ကားတွေရိုက်လာရမယ်၊ သူ အဲဒီလို သရုပ်ဆောင်ဖြစ်သွားမှာကို အရမ်းကြောက်တယ်။ အစ်မကိုယ်တိုင်လည်း ပျက်စီးသွားမှာကို ကြောက်တယ်။ အဲဒါကြောင့်မို့လို့ အတတ်နိုင်ဆုံး ကိုယ့်ရှိတာလေးနဲ့ပဲ လှအောင်၊ နေတတ်အောင်ပဲနေတယ်’’လို့ ဆိုပါတယ်။

Photo: Christina Kyi

အဲဒီနောက် ခင်ပွန်းဖြစ်သူ ဇဏ်ခီရဲ့ ပထမဦးဆုံးပေးတဲ့ လက်ဝတ်ရတနာလေးကို သူမကိုယ်တိုင် တန်ဖိုးထားတဲ့ အကြောင်းပြောပြခဲ့ပါတယ်။

‘’ပထမဦးဆုံး သူစပေးတာက စေ့စပ်လက်စွပ်ပေါ့နော်။ ဒါကိုတော့ တောက်လျှောက်အမြဲဝတ်ဖြစ်တယ်။ ဒါဟာ အစ်မတို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်တ ယ်ပေါ့နော်။ လက်ဝတ်ရတနာနဲ့ ပတ်သက်ပြီး အစ်မက သိပ်ပြီးလည်း မကြည့်တတ်ဘူး၊ အစ်မက ကြိုက်ရင် သေးသေးလေးလောက်ပဲ ကြိုက်တာများပါတယ်’’ လို့ မေလ ၅ ရက်နေ့က လှမြတ်သူ လက်ဝတ်ရတနာဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Christina Kyi

ဇနီးဖြစ်သူရဲ့ ပြောပြခဲ့တာတွေအပေါ် ဇဏ်ခီက သဘောကျလို့နေပါတယ်။ အခုချိန်မှာတော့ ဇနီးဖြစ်သူကို လက်ဝတ်ရတနာ လှလှလေးတွေ ဆင်မြန်းပေးဖို့ သူ သိလာပြီလို့ ရယ်ရယ်မောမောနဲ့ပြောပြခဲ့ပြန်ပါတယ်။

‘’တကယ်တမ်းတော့ ပေါ့ပေါ့ပါးပါးနေချင်တာပေါ့နော်။ သူဆို ကျွန်တော်ဝယ်ပေးထားတဲ့ လက်စွပ်ကိုတောင် ဘယ်သွားထားမိမှန်းမသိလို့ ချွေးပြန်သွားတဲ့ အခေါက်တွေ ခဏခဏရှိတယ်။ လက်ဝတ်ရတနာတွေနဲ့ ပတ်သက်လို့ သူ သိပ် ထိန်းထိန်းသိမ်းသိမ်း မနေတတ်ဘူး။ ဒါကြောင့်မို့လို့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ သွားတာများတယ်။ အခုချိန်မှာတော့ နာမည်ရလာတဲ့အချိန်မှာ ပွဲတွေ အများကြီးတတ်လာရတယ်။ သူ့မှာ ဝတ်စရာမရှိတော့ ဆင်ပေးရမယ်ဆိုတဲ့ အသိလေးက ဝင်လာတယ်။ ကျွန်တော့်အတွက်ကို ကျွန်တော် သိပ်မတွေးပါဘူး။ သူ့ကိုတော့ နည်းနည်း ဆင်ပေးဖို့လိုနေတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Christina Kyi

ဇဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံကိုတော့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား ကြီးက နေ ပရိသတ်တွေ စတင်သိရှိလာတာပါ။ ဒီဇာတ်ကားဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ပြန်ပါသေးတယ်။ မကြာသေးခင်ကလည်း ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးပြီး မင်းသမီး ပိုင်ဖြိုးသု နဲ့အတူ ‘’Now & Ever’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဇဏ်ခီက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Share

Loading Next Article...
က္က