ရိုမန့်တစ်မဆန်တတ်တဲ့ ခင်ပွန်းပါတဲ့။

Valentine’s Day အမီ ခင်ပွန်းဆီက ချစ်စာလွှာ လက်ဆောင်လေးတွေကြောင့် ချစ်သုဝေ ကတော့ စိတ်လှုပ်ရှားလို့နေပါတယ်။ ရိုမန့်တစ် မဆန်တတ်တဲ့ ခင်ပွန်းရဲ့ လက်ဆောင်ကြောင့်လည်း အံ့သြဝမ်းသာ ဖြစ်ရပါတယ်တဲ့။

Photo: Chit Thu Wai



ချစ်သုဝေက ခင်ပွန်းဖြစ်တဲ့ လင်းလင်းရဲ့ Valentine’s လက်ဆောင်အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားလို့ နေပါတယ်။ ဒီလက်ဆောင်လေးကတော့ လင်းလင်းရင်ထဲက လာမယ့် ချစ်စာလွှာလေးတွေ ဖြစ်တယ်လို့ ချစ်သုဝေက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုလင်းက မမထရီဇာအတွက် ချစ်စာလွှာလေးတစ်ခု ပေးထားတယ်။ မမက Valentine’s Day တိုင်းကို လက်ဆောင်ပစ္စည်းရယ် မဟုတ်ပဲ မိန်းကလေးဆိုတော့ Wish လုပ်တာတွေ ခံချင်တာပေါ့နော်။ ဒီနှစ်ကျတော့ ပရီမီယာကော်ဖီထုတ်တွေထဲမှာ မောင် သဲသဲကို စာလွှာလေးတွေ ထည့်ပေးထားတယ်။ ၁၀ ပိုင်းခွဲပြီးတော့တဲ့။ သဲသဲ Fan တွေနဲ့ အတူရှာပြီးတော့ စုလိုက်လို့ရှိရင် သဲကို ရင်ထဲကနေ အမြဲခေါ်နေတဲ့ နာမည်လေးတစ်ခု ထွက်လာလိမ့်မယ်တဲ့’’ ဆိုပြီးတော့ လင်းလင်းရဲ့ ပြောစကားတွေကို Duwun Media ကနေတဆင့် ပီတိတွေကြားကနေ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Chit Thu Wai

ချစ်သုဝေက ခင်ပွန်းဖြစ်သူ လင်းလင်းရဲ့ ချစ်စာလွှာလေးတွေကို Valentine’s Day အမှီ အများကြီး ပိုင်ဆိုင်နေပြီလို့ သိရပါတယ်။ ဒီ့အတွက်လည်း သူမရဲ့ အပျော်လေးတွေကို အခုလို ပြောပြထားပါတယ်။

‘’လိုဟယ်...premier ထုပ်တွေထဲက ကိုလင်းရေးပေးထားတဲ့ စာအပိုင်းလေးတွေစုနေတာ အပိုင်းတွေစုံနေပေမယ့် ထပ်ကူရှာပြီးပို့ပေးကြပါနော်လို့။ ချစ်စရာအချစ်တုံးတွေ တင်ပေးတဲ့။ #နဲ့status လေးတွေအတွက်ကျေးဇူးပါနော်။ အများကြီးမို့ ss တောင်ရိုက်မနိုင်ဘူးရယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာပါ။

Photo: Chit Thu Wai

ရိုမန့်တစ်မဆန်တတ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ ချစ်စာလွှာလေးတွေအပေါ်မှာလည်း အံ့သြပီတိဖြစ်ရတယ်လို့ ချစ်သုဝေက ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

‘’ ဒီနှစ် Valentine’s Day မှာ သူက စာလွှွှာလေးတွေ ပေးတယ်ဆိုတော့ အရမ်းလည်း အံ့သြတယ်။ အရမ်းလည်း ပျော်နေတယ်။ သူက ရိုမန့်တစ်ဆန်တတ်တဲ့သူ မဟုတ်ပေမယ့် သူလုပ်ပေးလိုက်တဲ့ အရာလေးတွေတိုင်းက မမထရီဇာအတွက် ပျော်ရွှင်ရတယ်၊ ကြည်နူးရတယ်’’ လို့ ပရီမီယာ ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။

Photo: ချစ်သုဝေ

အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ပထမဦးဆုံးရင်သွေးလေးတွေဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ ချစ်စရာကောင်းတဲ့အမြွှာသမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က