Water cooler လေးနဲ့ သေချာလုပ်ပေးထားတာပါ။

သရုပ်ဆောင် ခင်လှိုင်က သူ့ရဲ့ အိမ်ရှေ့မှာ ရေကုသိုလ်ယူထားတာ တွေ့ရပါတယ်။ ရေအေးအေးလေး သုံးဆောင်နိုင်ဖို့ Water Cooler နဲ့ သေချာပြင်ဆင်ထားတာပါ။

Photo : ခင်လှိုင် FB



ရေနဲ့ ပတ်သက်တဲ့ အလှူအတန်းတွေ ဆက်တိုက် ပြုလုပ်လာတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်က သူ့ရဲ့ အိမ်ရှေ့မှာ ရေကုသိုလ်ယူထားတာတွေ့ရပါတယ်။ လမ်းသွားလမ်းလာတွေ အမောပြေစေဖို့ အတွက် အိမ်ရှေ့မှာ Water Cooler လေးတည်ပြီး ရေကုသိုလ်ယူထားတာပါ။ ခင်လှိုင်က အိမ်ရှေ့မှာ ရေပူရေအေးစက်နဲ့ ရေကုသိုလ်ယူထားပြီး “ရေအေးအေးလေးသုံးဆောင်ကြပါဗျာ” ဆိုတဲ့ စာသားလေးပါ ရေသားထားတာပါ။

Photo : ခင်လှိုင် FB

ခင်လှိုင်ရဲ့ ရေကုသိုလ်ယူထားတဲ့ ပို့စ်အောက်မှာ ပရိသတ်တွေက သာဓုခေါ်ထားကြသလို သရုပ်ဆောင် ခန့်စည်သူက သူလည်း အိမ်ရှေ့မှာ ရေကုသိုလ်ယူထားတယ်ဆိုတဲ့ အကြောင်းပြောရင်းနဲ့ သာဓုခေါ်ထားတာတွေ့ရပါတယ်။ ခင်လှိုင်ဟာ အခုနောက်ပိုင်းမှာ အလှူအတန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်လာသူ တစ်ဦးဖြစ်ပါတယ်။ ရေအကျိုးဆောင်တစ်ဦးအဖြစ် ရေအခက်အခဲဖြစ်နေတဲ့ ဒေသတွေမှာ ရေတွင်း၊ ရေကန်တူးဖော်ခြင်းတို့ကိုလည်း ကိုယ်တိုင်ဦးဆောင်ပြီး ပြုလုပ်လျက်ရှိပါတယ်။

Photo : ခင်လှိုင် FB

သရုပ်ဆောင်ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ဦးဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကွင်း ပြီးတိုင်းမှာလည်း ပံ့ပိုးပေးခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို မကြာခဏ အလှူအတန်းပြုလုပ်လေ့ရှိပါတယ်။ စတုဒီသာအလှူတွေ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း သူကိုယ်တိုင်ဦးစီးကာ အလှူငွေများကောက်ခံပြီး ရေရှားပါးသော နေရာများကို သွားရောက်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Photo : ခင်လှိုင် FB

ခင်လှိုင်ဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရုံတင်ပြသလျှက်ရှိတဲ့ "ဟောက်စား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူပါဝင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က