ပုဒ်မ ၃၀၂ နဲ့အရေးယူပြီး ရမာန်ယူထားပါတယ်။ လောလောဆယ် စစ်ဆေးနေတာပေ့ါ။

လမ်းခွဲဖို့ ပြောဆိုခဲ့တဲ့ ချစ်သူကို လည်ပင်းညှစ်သတ်ခဲ့တဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားကို ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အရေးယူထားတယ်လို့ အမရပူရ ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။



 '' ပုဒ်မ ၃၀၂ နဲ့အရေးယူပြီး ရမာန်ယူထားပါတယ်။ လောလောဆယ် စစ်ဆေးနေတာပေ့ါ။ ရဲလုပ်ငန်းတွေ ပြည့်စုံရင်တော့ တရားစွဲဖို့ပဲရှိတယ်'' လို့ အမရပူရ မြို့မ ရဲစခန်းမှ ရဲအုပ်မင်းပိုင်က ဓူဝံမီဒီယာကို ပြောပါတယ်။

ဇွန်လ ၂၆ ရက်တွင် ရတနာ ပုံတက္ကသိုလ်အနီးရှိ ရွှေဘုံသာ ဘုန်းကြီးကျောင်းဝင်းအတွင်း သမီးရည်းစားတွေ့ဆုံစကားပြော ဆိုနေစဉ် မိန်းကလေးကလမ်းခွဲ ရန် ပြောဆိုရာမှ ယောကျ်ားလေး က လမ်းခွဲမပေးနိုင်ကြောင်း ပြောဆိုရင်းစကားများ ငြင်းခုံကာ မိန်းကလေး၏လည်ပင်းကို နှစ်မိနစ်ခန့် ညှစ်လိုက်သဖြင့် သတိလစ်သွားခဲ့တယ်လို့သိရပါတယ်။

 

 မိန်းကလေး သတိမေ့သွားသဖြင့် ရှေးဦးသူနာပြုနည်းဖြင့် သတိရစေရန် ပြုလုပ်ပေးသော် လည်း သတိရမလာ၍ ကျူးလွန်သူကိုယ်တိုင် အနီးဝန်းကျင်သို့ အကူအညီတောင်းကာ ဆေးရုံသို့ပို့ ဆောင်စေခဲ့သည်။ ထို့နောက် ရဲစခန်းသို့ ဖုန်းဆက်ပြီး မိန်းကလေးကို သတ်မိသလိုဖြစ်သွား၍ လာ ရောက်ခေါ်ဆောင်ပေးရန် ကျူး လွန်သူကိုယ်တိုင် ပြောကြားခဲ့ ကြောင်း အမရပူရမြို့မရဲစခန်းကနေ သိရပါတယ်။

သူတို့ နှစ်ဦးစလုံးသည် မန္တလေး မြို့ ရတနာပုံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသူ များဖြစ်ပြီး သေဆုံးသည့် မိန်းက လေးသည် အသက်(၁၉)နှစ်အ ရွယ် ဒုတိယနှစ်ကျောင်းသူဖြစ် ကာ ချစ်သူယောကျ်ားလေးသည် တတိယနှစ်ကျောင်းသားဖြစ် ကြောင်း၊ နှစ်ဦးစလုံးသည် နယ်မြို့များမှ ကျောင်းလာတက်သူ များဖြစ်တယ်လို့ သိရပါတယ်။

 

Photo - The Mandalay News Journal


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က