နိုင်ငံခြားသားတစ်ဦးက အမှိုက်ကိုသိမ်းပြီး ဒီ Challenge ကို စတင်ခဲ့တာပါ။
ရှုပ်ပွနေတဲ့ အမှိုက်တွေကိုရှင်းလင်းပြီးတော့ ဓါတ်ပုံရိုက်တဲ့ Before and After Challenge က လူမှုကွန်ယက်မှာခေတ်စားနေပါတယ်။

Photo- Clean Yangon



မတ်လဆန်းပိုင်းမှာ နိုင်ငံခြားသားတစ်ဦးက အမှိုက်ကိုသိမ်းပြီး Before and After ဆိုတဲ့ Challenge ကို စတင်ခဲ့ရာကနေ ပြည်တွင်းမှာလည်း လဒီ Challenge ကို လိုက်လုပ်ကြတာ ဖြစ်ပါတယ်။

ဒီ Challenge ကိုတော့ Clean Yangon ဆိုတဲ့ အစီအစဉ်ကနေ စတင်လိုက်တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ကျောင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသူတွေအကြားမှာ စတင်လုပ်ဆောင်နေကြပါတယ်။

“ကျွန်တော်တို့က စစချင်း အဲ့ဒီနိုင်ငံခြားသားတစ်ယောက်က တင်ထားတာကို ကျွန်တော်တို့က တင်လိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာ စပြီးချဲလင့်လုပ်လာကြတယ်။ ကျွန်တော်တို့ Clean Yangon page မှာ ချဲလင့်လုပ်ပြီးရင် ပြောထားတဲ့ စည်းကမ်းတွေအတိုင်း တင်တယ်ဆိုရင်တော့ ဆုပေးအပ်သွားမှာဖြစ်ပါတယ်။ ” လို့ Clean Yangon ရဲ့တည်ထောင်သူ ကိုဇေယျာထွန်းက Duwun ကိုပြောပါတယ်။

အဲ့ဒီချဲလင့်မှာ ကျောင်းသားကျောင်းသူတွေအပြင် သံဃာတော်တွေနဲ့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေပါ ပါဝင်လာကြတာကို တွေ့ရပါတယ်။

“ လူမှုကွန်ယက်မှာ ပေါ်ပင်တွေလိုက်လုပ်တာထက် ဒီလိုမျိုးအကျိုးရှိတဲ့ ကမ်ပိန်းကို လုပ်တာပိုကောင်းတယ်။ ဒီလိုုလူတွေများများပါလေလေ ကျွန်တော်တို့နိုင်ငံက အမှိုက်ကင်းစင်တဲ့ နိုင်ငံဖြစ်လာမှာပါ။ ” လို့ ဒီချဲလင့်အပေါ်ကို စိတ်ပါဝင်စားတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒီချဲလင့်ကိုလည်း ဆက်လုပ်ဖို့အတွက် လူမှုကွန်ယက်မှာ အချင်းချင်းစိန်ခေါ်ထားကြတာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က