တစ်ဖက်သတ် ကြေညာခဲ့တာပါတဲ့။

ဆုအိမ့်စံဟာ လမ်းခွဲသတင်းကို တစ်ဖက်သတ် ကြေညာခဲ့တဲ့ သူရိယကို တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ စေ့စပ်ခဲ့ကြတဲ့ ချစ်သူတွေပါ။

Photo: Hsu Eaint San



သရုပ်ဆောင် ဆုအိမ့်စံ နဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းဖြစ်သူ သရုပ်ဆောင် သူရိယ တို့ဟာ လမ်းခွဲလိုက်ကြပြီလို့ သူရိယက မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာတွေ့ရပါတယ်။ ဒီအကြောင်းအရာအပေါ် အခြေခံပြီး သရုပ်ဆောင် ဆုအိမ့်စံ ဘက်ကလည်း တရားဝင်ဖြေရှင်းချက်ထုတ်လိုက်ပြီဖြစ်ပါတယ်။

‘’သူရိယ၏ လမ်းခွဲသတင်းအား ဖြေရှင်းချက်။ ။ ကျွန်မ ဆုအိမ့်စံနှင့် သူရိယသည် လွန်ခဲ့သော နှစ်နှစ်ကျော် ကာလကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ ချစ်သူတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဘက်မိဘများ၏ သဘောတူညီမှုဖြင့် ၁၄.၂.၂၀၁၉ တွင် စေ့စပ်ကြောင်းလမ်းခဲ့ကြပါသည်။ စေ့စပ်ပြီးနောက်ပိုင်း သူရိယအနေဖြင့် လက်ထပ်ရန် အတွက် အစီစဉ်များကို ရွှေ့ဆိုင်းပျက်ကွက်လာကာ သဘောထားများ ပြောင်းလဲ၍ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် သူရိယဘက်မှ တောင်းဆိုလာပါသည်’’ လို့ အစပျိုးကာ သြဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တရားဝင် ရေးသားဖော်ပြခဲ့ပါတယ်။

Photo: Forever

အဲဒီနောက် သူရိယနဲ့ ဆုအိမ့်စံ တို့ဟာ ချစ်သူသက်တမ်း ၂ နှစ်ကျော်အကြာ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ သူတို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီလို လမ်းခွဲမှုမျိုးဟာ သူရိယဘက်က တစ်ဖက်သတ်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆုအိမ့်စံက ပြောပါတယ်။

‘’ကျွန်မ ဆုအိမ့်စံ အနေဖြင့် ချစ်သူ ဖြစ်စဉ်ကနေ ယနေ့အချိန်ကာလအထိ သူရိယ အပေါ်အား ဖောက်ပြန်ခြင်း၊ သစ္စာမဲ့ခြင်း၊ ကျွန်မ၏ အပြစ်တစ်စုံတရာ မရှိပါဘဲ တဖက်သတ် ဖျက်သိမ်းခြင်းသာ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကျွန်မ၏ အကျိုးဆောင်မှ တဆင့် မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားချက်အား အတည်ပြုပေးပါရန် ၁၆.၈.၂၀၁၉ တွင် notice စာ ပို့ခဲ့ပါသည်။ အဆိုပါ အကြောင်းကြားစာတွင် ၃၀.၈.၂၀၁၉ ၌ နောက်ဆုံးထား၍ အကြောင်းပြန်ပေးပါရန် ပါရှိပါသည်’’ လို့ သူကဆိုပါတယ်။

Photo: Hsu Eaint San

ဆုအိမ့်စံ ဟာ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ တက်သစ်စမင်းသမီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ခင်ပွန်းလောင်းက လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းကို ပရိသတ်အရှေ့မှာ တရားဝင်ကြေညာလိုက်ပြီဖြစ်တဲ့အတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ပြောခဲ့ပါသေးတယ်။

‘’ယနေ့ Myanmar Celebrity page တွင် လမ်းခွဲသည်ဟု ကြေညာခြင်းသည် သူရိယ၏ တဖက်သတ် ကြေညာခြင်းသာ ဖြစ်သည်။ ထိုသို့ တစ်ဖက်သတ် ကြေညာခြင်းအတွက် ကျွန်မဆုအိမ့်စံတွင် ဂုဏ်သိက္ခာ နစ်နာမှုများစွာ ရှိပါသည်။ ထို့ကြောင့် ကျွန်မ၏ နစ်နာမှုများအတွက် တရားဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ဆုအိမ့်စံ’’ ဆိုပြီးတော့ ဆက်လက် ရေးသားထားပါသေးတယ်။

Photo: Hsu Eaint San

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းကို လိုက်ဖက်ညီလွန်းခဲ့တဲ့ ချစ်သူတွေဖြစ်တာကြောင့်လည်း ပရိသတ်တွေ အားကျရတဲ့ စုံတွဲ တစ်တွဲ ဖြစ်ခဲ့ပါသေးတယ်။ ဆုအိမ့်စံ ကလည်း လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာဖြစ်သလို သူရိယကလည်း သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က