ပရိသတ် စိတ်ဝင်စားမှုရှိနေတဲ့ " လမ်းမတော် ဖိုးတုတ်" ဇာတ်လမ်းကို ဒါရိုက်တာဏကြီးက ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မှာပါ။
Photo: သစ်ဆန်းခန့်
ဒါရိုက်တာဏကြီးကတော့ "လမ်းမတော် ဖိုးတုတ်" ဇာတ်လမ်းကို ရုပ်ရှင်ကားကြီးအဖြစ်ဖန်တီးဖို့ SY Production နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။
"မီ ရုပ်ရှင်ကို သေသေသပ်သပ် ရင်ထဲ ရောက်အောင် ရိုက်နိုင်တဲ့ကိုဏကြီး နှင့် SY Production အဖွဲ့က ဖိုးတုတ် ဇာတ်လမ်းကိုရုပ်ရှင် အဖြစ် ရိုက်ဖို့ စာချုပ် ချုပ်လိုက်ပြီ ကြားတယ်။ အစ က ရင်တမမ ဖြစ်နေသမျှ အခုမှ စိတ်ချရတော့တယ်။ ပိတ်ကားထက်မှာ ဂန္ဓမာ တို့ကို ပြန်မြင်ရပါတော့မယ်" ဆိုပြီးတော့ သစ်ဆန်းခန့် ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၈ ရက်နေ့ ညနေ ၄ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။
Photo: Paing Phyo Thu
photo- Paing Phyo Thu fb
ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး Duwun Media ကနေတဆင့် ဒါရိုက်တာဏကြီးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဇာတ်ကားအကြောင်းကို ဖွင့်ပြောပြဖို့ ဆန္ဒမရှိသေးကြောင်း သူက ဆိုပါတယ်။ လမ်းမတော်ဖိုးတုတ် ဇာတ်လမ်းဟာ ပရိသတ်အများစုရဲ့ စိတ်ဝင်စားမှုကို ခံထားရတဲ့ ဇာတ်လမ်း တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လမ်းမတော်ဖိုးတုတ် ကာရိုက်တာကို ဘယ်သရုပ်ဆောင်က ပါဝင်လာမလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့နေပါတယ်။ ဖိုးတုတ်ရဲ့ တပည့်တွေဖြစ်တဲ့ ဂန္ဓမာဆောင်းရီ နဲ့ စံဘဆောင်းရီ တို့ကလည်း ဘယ်အနုပညာရှင်တွေ ဖြစ်လာမလဲ ဆိုတာလည်း စိတ်ဝင်စားနေကြပြန်ပါသေးတယ်။
Photo: Myat Thaw
ဒါရိုက်တာ ဏကြီးဟာ မီရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ဆုပေးပွဲမှာ Best Cinematography award ဆုကို ရရှိခဲ့ဖူးပါတယ်။ASEAN International Flim Festival 2019 ပွဲကြီးမှာလည်း မြန်မာနိုင်ငံမှ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတွေထဲက မှ ဒါရိုက်တာဏကြီး ရိုက်ကူးထားတဲ့ ‘’ မီ’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံ ဆုရရှိခဲ့ပြန်ပါသေးတယ်။ လက်ရှိမှာလည်း ဇနီးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့အတူ Fatty Gangster Production ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်လိုက်ပါပြီ။ ဒါရိုက်တာဏကြီးဟာ လက်ရှိအောင်မြင်နေတဲ့ လူငယ်ဒါရိုက်တာတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။