မန်စီးတီးကို ခြေချော်ပြီး ရှုံးနိမ့်သွားခဲ့တာပါ။

မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားဟောင်း အိုဝင်ဟားဂရိစ်က စနေနေ့မှာ ချယ်ဆီးက မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ယခုရာသီ ပရီးမီးယားလိဂ်ထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်လိမ့်မယ်ဆိုတာကို မေးခွန်းထုတ်စရာမရှိကြောင်း ပြောကြားခဲ့တယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို စနေနေ့က ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာက ဝုဗ်နဲ့ ၇ မှတ်အကွာ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း အိုဝင်ဟားဂရိစ်က ဧည့့်သည်ချယ်ဆီးအသင်းရဲ့ခြေစွမ်းကို အထင်ကြီးခဲ့ပေမယ့်လည်း ချယ်ဆီးအနေနဲ့ ပထမပိုင်းမှာ သွင်းယူနိုင်ခဲ့တဲ့ ၁ ဂိုးထက် ပိုမိုသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အိုဝင်ဟားဂရိစ်က ချယ်ဆီးအသင်းအနေနဲ့ ယခုရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ထပ်မံရရှိလိမ့်မယ်ဆိုတာကို သံသယဖြစ်စရာမရှိကြောင်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ပထမပိုင်းမှာ ချယ်ဆီးကစားတာက အရမ်းကောင်းလွန်းတယ်လို့ တွေးခဲ့မိတယ်။ သူတို့ ကောင်းကောင်းကို ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဖရန့်လမ်းပတ်ရဲ့ ပွဲဗျူဟာက ကြောက်မက်ဖွယ်ကောင်းအောင် အလုပ်ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်”

“သူတို့တွေ မန်စီးတီးကို ပြဿနာတွေအများကြီးဖြစ်စေခဲ့ပြီး ပက်ဂွါဒီယိုလာက ကွင်းဘေးမှာ မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ ထိုင်လိုက်၊ ထလိုက်နဲ့ အာတီတာနဲ့ အငြင်းပွားနေခဲ့ပါတယ်”

“ချယ်ဆီးက တကယ်ကို ပထမပိုင်းမှာ ဂိုးတွေ ပိုသွင်းယူနိုင်ခဲ့သင့်ပါတယ်။ ပထမပိုင်းမှာ သူတို့က ပိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး တနည်းနည်းနဲ့ သူတို့တွေ ၂-၁ နဲ့ ဦးဆောင်ခံခဲ့ရပါတယ်”

“ချယ်ဆီးအသင်းကို အနီးကပ်စောင့်ကြည့်နေပါ။ သူတို့တွေ ထိပ်ဆုံးလေးသင်းထဲက အသင်းဖြစ်လာလိမ့်မယ်။ ဘာမှ မေးခွန်းထုတ်စရာမရှိပါဘူး။ သူတို့ တကယ်ကို ကောင်းမွန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က