ဒီရာသီ ၃ကြိမ်တွေ့ဆုံရာမှာ ၃ကြိမ်လုံး လမ်းပတ်ရှုံးခဲ့ပါတယ်။

ချယ်လ်ဆီးက အဆင့် ၄ နေရာမှာရှိနေဆဲဖြစ်ပေမယ့် နောက်ထပ်တစ်ပွဲခြေချော်တာနဲ့ စပါး၊ ရှက်ဖီး၊ ယူနိုက်တက်တို့က သူ့ကို ကျော်တက်နိုင်တော့မှာဖြစ်ပါတယ်။ 


ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲမှာတော့ ဧည့်သည်ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လမ်းပတ်ကတော့ အိမ်ကွင်းမှာပဲ ယူနို်က်တက်ကို အရေးနိမ့်ခဲ့ရပြီး ဒီရာသီရင်ဆိုင်ခဲ့ရသမျှ ပြိုင်ပွဲ၃ပွဲမှာ တစ်ပွဲမှအနိုင်မရခဲ့ဘဲ ပွဲတိုင်းအရေးနိမ့်ခဲ့ပါတယ်။

ဒီပွဲမှာလည်း မာရှယ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်ကအဖိုးတန် ၃ မှတ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကြိတ်အနယ်ပိုဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးက အဆင့် ၄ နေရာမှာရှိနေဆဲဖြစ်ပေမယ့် နောက်ထပ်တစ်ပွဲခြေချော်တာနဲ့ စပါး၊ ရှက်ဖီး၊ ယူနိုက်တက်တို့က သူ့ကို ကျော်တက်နိုင်တော့မှာဖြစ်ပါတယ်။ 

ချယ်လ်ဆိးအနေနဲ့ ချေပဂိုးတွေပြန်ရခဲ့ပေမယ့်လည်း VAR ကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ နောက်ခံလူဇူးမားရဲ့ သွင်းဂိုးမှာလည်း အသင်းခေါင်းဆောင်အက်ဇ်ပီလီကွီတာက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့သတ်မှတ်ခံခဲ့ရပြီး ဂီရော့ဒ်ရဲ့ သွင်းဂိုးကလည်း ဖိနပ်ဦးလေးကျွံနေခဲ့လို့ လူကျွံဘောအဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ်နဲ့ ဖရက်ဒ်တို့ ခြေစွမ်းပြခဲ့ပြီး ကွင်းလယ်ပိုင်းမှာအကောင်းဆုံးကစားပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်က မက်ဂွိုင်းယားရဲ့ သွင်းဂိုးအတွက်ထောင့်ကန်ဘောကတဆင့် ဖန်တီးပေးနိုင်ခဲ့ပြီး ဖရက်ဒ်ကတော့ ကွင်းလယ်နေရာအနှံ့လိုက်ကစားပေးခဲ့ပြီး ချယ်လ်ဆီးကွင်းလယ်ကို တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ 

VAR ကြောင့် ချယ်လ်ဆီးတို့ နစ်နာမှုတွေရှိခဲ့ရတာမှန်ပေမယ့် ပွဲချိန်အတွင်းကစားပုံအရ တိုက်စစ်ပိုင်းမှာ အေဘရာဟမ်မရှိရင် အလုပ်မဖြစ်ဘူးဆိုတာ သိသာစေခဲ့ပါတယ်။ ဘတ်ရှူဝါရီက လူပိုကြီးဖြစ်ခဲ့ပြီး အသင်းတိုက်စစ်ပိုင်းအတွက် မေဆန်မောင့်၊ ပက်ဒရိုနဲ့ ဝီလီယံတို့ အစွမ်းကုန်အားထုတ်ပေးခဲ့ကြပေမယ့် အရှုံးရလဒ်ကိုသာ ရင်ဆိုင်သွားခဲ့ရပါတယ်။ 

Share

က္က