ပထမအကျော့ပွဲစဉ်တွေအပြီး ရာသီဝက်ချန်ပီယံအဖြစ် လီဗာပူးအသင်းရပ်တည်နိုင်ခဲ့တယ်ဆိုပေမယ့်တန်းဆင်းဇုန်နဲ့ ဥရောပဝင်ခွင့်နေရာတွေအတွက်ကတော့ ပြိုင်ဆိုင်မှုတွေပြင်းထန်နေ ဆဲပါ။ အထူးသဖြင့် အမှတ်ပေးဇယား အလယ်အလတ်မှာရှိနေတဲ့ အသင်းတွေရဲ့မထင်မှတ်ထားတဲ့ တုံ့ပြန်မှုတွေကြောင့် အသင်းကြီးအချို့ရုန်းကန်နေရဆဲလို့ပဲ သတ်မှတ်ရမှာပါ။ ဒီတစ်ပ တ်မှာတော့ ပွဲစဉ်၂၀ ရဲ့အကောင်းဆုံးပွဲစဉ်လို့ပြောလို့ရသလို ပြိုင်ဆိုင်မှုအပြ င်းထန်ဆုံးဖြစ်လာမယ့် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ချဲလ်ဆီးတို့ အားပြိုင်ကြမယ့် ပွဲစဉ်ရှိနေပါတယ်။ လူငယ်တွေနဲ့ ခရီးဆက်နေတဲ့ နည်းပြလမ်းပတ်ရဲ့ချဲလ်ဆီးကို နည်းပြသစ်ဖြစ်လာတဲ့ အာဆင်နယ်နည်းပြအာတီ တာရဲ့ နည်းစနစ်ပိုင်းတွေက ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲဆိုတာ ဒီတစ်ပတ်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေတစ်ခုအဖြစ် ရှိနေပါတယ် . . .။
အာဆင်နယ် Vs ချဲလ်ဆီး (၂၉-၁၂-၂၀၁၉၊ ည ၈း၃၀ နာရီ)
ထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၄-၁ အာဆင်နယ်
အာဆင်နယ် ၂-၀ ချဲလ်ဆီး
ချဲလ်ဆီး ၃-၂ အာဆင်နယ်
အာဆင်နယ် ၁-၁ ချဲလ်ဆီး
အာဆင်နယ် ၂-၁ ချဲလ်ဆီး
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ပွဲရလဒ်
ဘုန်းမောက် ၁-၁ အာဆင်နယ်
အဲဗာတန် ၀-၀ အာဆင်နယ်
အာဆင်နယ် ၀-၃ မန်စီးတီး
ဝက်စ်ဟမ်း ၁-၃ အာဆင်နယ်
အာဆင်နယ် ၁-၂ ဘရိုက်တန်
ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ပွဲရလဒ်
ချဲလ်ဆီး ၀-၂ ဆောက်သမ်တန်
စပါး ၀-၂ ချဲလ်ဆီး
ချဲလ်ဆီး ၀-၁ ဘုန်းမောက်
အဲဗာတန် ၃-၁ ချဲလ်ဆီး
ချဲလ်ဆီး ၂-၁ အက်စတွန်ဗီလာ
နှစ်ဖက်အသင်းသတင်းများ
• ပွဲပယ်ပြစ်ဒဏ်စေ့သွားပြီဖြစ်တဲ့ နောက်ခံလူချိန်ဘာ ပါဝင်လာဖို့ရှိနေပြီး ပီပီ၊ ဂွမ်ဒိုဇီတို့ ပွဲထွက်ကစားသ မားစာရင်းမှာပါဝင်လာဖွယ်ရှိနေ။
• ၄-၃-၃ အခြေခံပြီး မေဆန်မောင့်ကို ပွဲထွက်သုံးလာနိုင်ပြီး အေဘရာဟင်၊ အော့ဒွိုင်းတို့ကို ချဲလ်ဆီးအ သုံးပြုဖွယ်ရှိ။
• ရှာခါမရှိတော့တဲ့ ကွင်းလယ်က နည်းပြအာတီတာအတွက် ခေါင်းခဲစရာဖြစ်နေခဲ့သလို အိုဇေးလ်၊ ဆယ် လ်ဘယ်လော့စ်တို့ပဲ အသုံးပြုဖို့ရှိ။
• ပွဲပယ်က ပြန်လည်လွတ်မြောက်လာတဲ့ ကိုဘာဆစ်၊ ကန်တီ၊ ဝီလျံအတွဲက ချဲလ်ဆီးတိုက်စစ်ရဲ့အဓိက ပံ့ပိုးနိုင်သူများဖြစ်လာနိုင်။
ပွဲကြိုအချက်အလက်
• ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် အာဆင်နယ်တို့ ၁ပွဲနိုင် ၃ပွဲသရေ ၂ပွဲရှုံးထားပြီး တိုက်စစ်က ရဂိုးသွင်း၊ ၉ဂိုး ပြန်ပေးထားရ။
• အစဉ်အလာအရနောက်ဆုံး ၁၇၈ ကြိမ်ထိပ်တိုက်တွေ့ဆုံထားရာမှာ အာဆင်နယ်က ၆၈ကြိမ်နိုင်၊ ချဲလ် ဆီးက၅၉ကြိမ်နိုင်ပြီး ၅၁ ကြိမ်သရေကျထားခဲ့။
• ပြိုင်ပွဲစုံနောက်ဆုံး၆ပွဲတွင် ချဲလ်ဆီးတို့ ၃ပွဲနိုင် ၃ပွဲရှုံးရလဒ်ရရှိထားပြီး ရဂိုးသွင်း၊ ၈ဂိုးပြန်ထားခဲ့ရ။
• အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအတွင်း အိမ်ကွင်းကစားတိုင်း ဦးဆောင်ဂိုးသွင်း ယူနိုင်တဲ့ မရှုံးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့။
ဖြစ်နိုင်ဖွယ်ပွဲထွက်ကစားသမားစာရင်း
ဒဏ်ရာရ/ပွဲပယ်
အာဆင်နယ် - ဟိုးလ်ဒင်း၊ ကိုလာဆီနစ်၊ တီယာနေးလ်၊ ဘယ်လာရင်၊ မာတင်နယ်လ်လီ၊ ဆိုကရေးတစ်။
ချဲလ်ဆီး - ရီဆီဂျိမ်းစ်၊ လော့ဖ်တပ်ချိဖ်၊ မာကို့စ်အလွန်ဆို၊ ဂီရော့ဒ် (ကြံ့ခိုင်မှုမပြည့်ဝ)။
မာ့ခ်လော်ရန်ဆင်ရဲ့ သုံးသပ်ချက်
နည်းပြသစ်အာတီတာအတွက် ပထမဦးဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်လို့ အာရုံအပြည့်စိုက်လာမယ်။ လမ်းပတ်ရဲ့အဝေး ကွင်းရလဒ်ကလည်း အထင်ကြီးစရာအခြေအနေမှာရှိနေတယ်။ အာဆင်နယ်ရဲ့ခံစစ်ကတော့ လက်ရှိအချိန်အ ထိယုံလို့မရသေးဘူး။ ချဲလ်ဆီးကလည်း ရှေ့ပွဲမှာ ရှုံးထားလို့ ဒီပွဲကို အာရုံအပြည့်စိုက်ပြီး အာဆင်နယ်ထက်က စားပုံပိုကောင်းနေမယ်ဆိုတာ ငြင်းလို့မရတာအသေအချာပါ။
ခန့်မှန်းရလဒ်
အာဆင်နယ် ၁-၁ ချဲလ်ဆီး